// Zawgyi //
ချမ်းစိမ့်စိမ့် မနက်ခင်းလေး တစ်ခု။
တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာဖက်ထားသည့် လူသားနှစ်ဦးမှာ ဆောင်းလေပြည်နှင့်အတူ နွေးထွေးစွာဖက်အိပ်နေကြသည်။
တစ်ယောက်နဲ့တစ်ယောက် ဝေးသွားမည့်အလားတင်းကြပ်စွာဖက်ထားရင်း ဂွမ်းစောင်အောက်၌လည်းခွထားကြသေးသည်။ထိုသဲသဲကဲကဲနှစ်ဦးကတော့ တခြားမဟုတ်။
တစ်မိုးအောက်ဂျွန်ဂျောင်ဂု နှင့် အလှပဂေးလေးကင်ဆော့ဂျင် တို့ပင်ဖြစ်ပါသည်။“ဝှားးး”
ဦးစွာနိုးထလာသူမှာတော့ ဂျောင်ဂု။
သန်းဝါးရင်း လက်တစ်ဖက်ဖြင့်ဘေးနားက
အချစ်ကလေးအားလက်ဖြင့်စမ်းလိုက်သည်။
အိကျိကျိပါးပြင်လေးအားထိတွေ့သွားတော့မှ
မျက်လုံးမှိတ်ထားသည့်ကြားမှ ပြုံးမိသွားသည်။ထို့နောက် သူ့ရဲ့သန်မာသောခြေထောက်ဖြင့်
ထက်ကာ ခွထားရင်း ကင်ဆော့ဂျင်အား
ဖက်လုံးတစ်ခုလို ခွထားလိုက်လေရဲ့။“အိ...ကိုကို အရမ်းမခွနဲ့ယေ”
အိပ်ချင်မူးတူးဖြင့် နိုးလာသောဆော့ဂျင်ဟာ
မျက်လုံးများအား လက်ဖောင်းဖောင်းအစ်အစ်များဖြင့်ပွတ်သပ်ရင်းဆိုလိုက်သည်။
တစ်ညလုံးလဲ ခွထားသေးတယ်။ဖက်လည်းဖက်ထားသေးတယ်၊ ပြောတော့မထိရက်စရာ
ကြွေရုပ်လေးပါတဲ့ အခုတော့ခွထားတာများ
လူကိုဖွတ်ဖွတ်မကြေရုံတစ်မယ်ပဲ။“အဟိ! ချစ်လို့ပါ”
မျက်လုံးများမှိတ်ထားသည့်ဂျောင်ဂုဟာ ယုန်သွားနှစ်ချောင်းပေါ်သည်အထိ ရီပြသည်။
ထို့နောက် အိပ်ချင်မူးတူးဖြင့်ပဲ ထက်မံဖက်ထားလိုက်တော့ ဒေါပွသွားတဲ့ဆော့ဂျင်ဟာ
ချက်ချင်းဆိုသလို လက်သီးဖြင့်..“ဘုန်းး"
“အာ့!”
ဂျောင်ဂုရင်ဘတ်လေးအားလက်သီးဖြင့်ထုလိုက်သည်။ထို့မှသာ မျက်လုံးပွင့်လာတဲ့
ဂျောင်ဂုဟာအယောင်ယောင် အမှားမှားဖြင့် ရင်ဘတ်လေးအားလက်ဖြင့်အုပ်ရင်း......“ဘာလို့ထုတာလဲ သဲငယ်ရဲ့! ကိုကိုနာသွားပြီ”
“ငါက တစ်ညလုံးနာနေတာ...ကျစ်!
ထတော့ ကိုကိုရာ”
VOUS LISEZ
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍