~10~

3K 289 34
                                    

//Zawgyi //

'ဒေါက် ဒေါက်'

တံခါးခေါက်သံကြောင့် laptopပေါ်ပြေးလွှားနေသည့်ဂျောင်ဂုလက်ချောင်းရှည်ရှည်များရပ်တန့်သွားလေသည်။ ‌ထို့အတူ မျက်ခုံးများကိုတွန့်ချိုးကာ ဆက်တီခုံအားကျောမှီရင်းဝင်လာဖို့အမိန့်ပေးလိုက်သည်။

“၀င်ခဲ့ပါ”

ပွင့်ဟလာသောတံခါးနှင့်အတူ အခန်းထဲဝင်လာသူမှာ အခြားမဟုတ်၊ သူ့ရဲ့အတွင်းရေးမှူးဂျယ်မီဖြစ်သည်။ ထိုမှသာတွန့်ချိုးထားသောမျက်ခုံးများကိုပြေလျော့ရင်းစားပွဲပေါ်လက်တင်ကာမေးမြန်းလိုက်သည်။

“ဘာကိစ္စလဲ ဂျယ်မီရှီ”

ပြတ်သားသော လေယူလေသံနှင့်အတူ
စူးရှရှမျက်ဝန်းများဟာ ဂျွန်ဂျောင်ဂုတစ်ယောက်ရဲ့ယောကျာ်းဆန်မှုဟာ အတိုင်းသားကိုသဘောပေါက်နိုင်သည်။

စူးရှရှမျက်ဝန်းနဲ့အကြည့်ရဲရဲများကြောင့်အခန်းထဲဝင်လာသည့်ဂျယ်မီတစ်ယောက် ရင်တုန်ပန်းတုန်၊ သို့သော် သူမအနေနဲ့ ဒီနေ့တော့ရအောင်ဖွင့်ပြောမည်ဆိုသောစိတ်ဖြင့် စားပွဲအနားကိုတိုးလိုက်သည်။

“ပြောစရာရှိလို့ပါ စီးအီးအိုဂျွန်”

အသက်ကိုဝလင်စွာရှုရင်း ဂျောင်ဂုအား
သေချာစူးစိုက်စွာကြည့်လိုက်သည်။
အလုပ်စ၀င်ထဲက မော်တောင်မကြည့်ရဲတဲ့
မျက်နှာလေးဟာ မာန်တင်းနေလိုက်တာ။

ဒါတွေကိုပဲ သဘောကျခဲ့ရတာ
ဒါတွေကိုပဲ တိတ်တခိုးချစ်ခဲ့ရတာပါပဲ။

“ဘာများလဲ....မိသားစုအရေးလား?"

“စီးအီးအို အိမ်ထောင်ကွဲနေတယ်လို့
ကြားမိတယ် ဟုတ်လား....”

နက်ကတိုင်ကိုလျော့ချရင်း မျက်နှာလွှဲကာ
ဂျောင်ဂုက ၀န်ခံလိုက်ပါသည်။

“အင်း....အဲ့တော့”

မိုရသည့်မျက်နှာနဲ့သူမဟာ အရှေ့သို့တိုးရင်း
စားပွဲပေါ်လက်တင်လိုက်သည်။ထို့နောက်
ရဲတင်းစွာပင် ဂျောင်ဂုနှင့်မျက်နှာချင်းဆိုင်လိုက်လေသည်။

“တစ်ယောက်ထဲ မနေနဲ့လေ....ဆေးပေးမီးယူ
တစ်ယောက်လောက်တော့ ရှိသင့်တယ်လို့
ဂျယ်မီထင်မိတယ်....”

ချည်Where stories live. Discover now