~12~

3.1K 274 40
                                    

//Zawgyi //

သာယာသော မနက်ခင်းလေး တစ်ခု။

“အိ...ကိုကို အရမ်းမခွနဲ့ဆို!”

အိပ်နေသောဆော့ဂျင်အပေါ် လက်နှင့်အတူခြေထောက်များပါရစ်ပတ်ထားသည့် ဂျောင်ဂုဟာ အားရပါးရ။သန်မာသောလက်များဟာလည်းဆော့ဂျင်ဗိုက်ထံ အုပ်မိုးထားပြီး ကျန်လက်တစ်ဖက်ဟာဆော့ဂျင်လည်တိုင်အောက်နေရာယူထားသည်။ဒါတင်မကသေး....ခြေထောက်သန်သန်မာမာမှာလည်း ဆော့ဂျင်အောက်ပိုင်းတစ်ခုလုံးကိုဖိအုပ်ထားသည်မှာ ကျစ်ကျစ်လစ်လစ်။

“ကိုကို ! နာပါတယ်ဆိုနေ!”

ကြာလာတော့ ကိုယ်ဝန်ဆောင်သည်လေးဟာ
သည်းမခံနိုင်တော့။ ကျောပေးရာမှ တစ်ဖက်လှည့်ပြီးဖြူအုနေသည့်ကိုကို့ရင်ဘတ်ကြီးအားနီးရာသွားဖြင့်လှမ်းကိုက်တော့လေသည်။

“အားး!!”

ဘယ်လောက်ပင်နာကျင်သွားလည်းမသိ။
‌ကိုကို့အော်သံကြီးမှာ စူးခနဲ။အိပ်ယာဝင်ရင်အမြဲအကျီချွတ်အိပ်တတ်သည့်ကိုကို့အား ဒီတစ်ခါတော့ကျေးဇူတင်မိသွားလေပြီ။

“မှတ်ပလား ဟမ်! လူလိုသူလိုမခွဖူး
ငါ့ကို ငါ့ကို!”

ဖက်ထားသည့်ကြားမှ နူတ်ခမ်းထော်ကာရန်တွေ့နေသည့် ဆော့ဂျင်ကိုအိပ်ချင်မူးတူးမျက်လုံးများဖြင့်ဂျောင်ဂုကြည့်လိုက်သည်။ရီဝေဝေအကြည့်များထဲမှာတောင် ဆော့ဂျင်ဟာ မွေးခါစကလေးတစ်ယောက်သဖွယ် နုနယ်ဆဲ။

“ဘာကြည့်တာလဲ! မိုးလင်းနေပြီလေ
မျိုဖို့စို့ဖို့ ထတော့လေ”

ထုံးစံအတိုင်း ဆော့ဂျင်ဟာ မျက်လုံးနှစ်လုံးပွင့်တာနဲ့ဆူဆဲအော်ဟစ်ပါတော့သည်။ဒါပေမယ့်လည်းထိုဆဲသံလေးကိုပဲချစ်နေရသူမို့ ဂျောင်ဂုခမျာ စောစောစီးစီးမျက်နှာကြီးမှာ စပ်ဖြီးဖြီး။

“မနက်စာထက်ပိုပြီးအာဟာရပြည့်ဝတဲ့
ကိုကို့နူတ်ခမ်းလေးကိုစားပါလား
ကိုယ်ဝန်ဆောင်နေချိန်ဆို အားသိပ်ဖြစ်တာ
ဗီတာမင်ကြွယ်တယ်လေ”

ရင်ခွင်ထဲမှ ဆော့ဂျင်ဟာ ဟက်ဟက်ပက်ပက်သာရီနိုင်တော့သည်။ ကိုကိုဟာ ဘယ်တုန်းကဒီလို ကလီကမာစကားတွေ တတ်သွားခဲ့တာပါလိမ့်။

ချည်Donde viven las historias. Descúbrelo ahora