//Unicode//
နေ့ရက်တွေဘယ်လိုပဲ ပြောင်းပြောင်း
တကယ်ချစ်ရင် အဆုံးထိမြတ်နိုးတယ်ဆိုတာ
ဒီဇာတ်အိမ်မှာ အတိအလင်းဖော်ပြနေပါတယ်။...........
သာယာသော မနက်ခင်းလေးတစ်ခုတွင်ဖြစ်သည်။
ကောင်းကင်ကြီးဟာ ကြည်ကြည်လင်လင်၊ ငှက်ငယ်များဟာလည်း အုပ်စုဖွဲ့ကာ ဘယ်ညာအပြိုင်ဝဲပျံနေကြသေးသည်။ ငှက်ငယ်များနဲ့အတူလွင့်မျောနေသည့် အဖြူရောင်တိမ်စိုင်များဟာလည်း
ကောင်းကင်၌ ဟိုတစ်ဆုပ်ဒီတစ်ဆုပ်နေရာယူထားကြပြန်ပါသေးသည်။ကားပြတင်းပေါက်မှ အပြင်ကိုငေးလိုက်
ကားမောင်းနေသည့် ယောကျာ်းဖြစ်သူအားငေးလိုက်နှင့် အလုပ်ရူပ်နေသည့် ဆော့ဂျင်။တဖြည်းဖြည်းထွက်လာသောဗိုက်ကြောင့်
အမြဲလိုလို hoodie၀တ်ထားရသည့်ဆော့ဂျင်ဟာ
ယနေ့တော့ အညိုရောင်လေး hoodieလေးကို၀တ်ထားသည်။၀က်ဝံလေးအလား ဖောင်းအိနေသည့်ပါးနှစ်ဖက်မှာဘေးကိုကားထွက်နေပြီးနီစွေးစွေးနူတ်ခမ်းလေးမှာလည်း သူမတူအောင်
စူထွက်နေသေးသည်။အညိုရောင် hoodie၀တ်ထားသည့်ဆော့ဂျင်ရြဲ
ခပ်ရှည်ရှည်ဆံနွယ်များဟာအရှေ့သို့ဝဲကျနေပါသေးသည်။ဖြူဖြူအုအုမျက်နှာလေးဟာ သဘာ၀အတိုင်းကြည့်ကောင်းနေပြီး ဘာမှလိမ်းကျံထားခြင်းမရှိတဲ့မျက်နှာလေးမို့ သဘာ၀ရဲ့ရင်သွေးငယ်လေးလိုပင်။မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ဘေးပတ်၀န်းကျင်ကိုကြည့်ရင်းလိုက်ပါလာသည့်ဆော့ဂျင်ဟာ အပြင်မထွက်ဖူးသည့်ကလေးတစ်ယောက်လို အရာအားလုံးကိုကြည့်နေသည်မှာအဆန်းတကြယ်။
“ဒေါင်နောင်နောင်နောင် အေး
ဒေါင်နောင်နောင်နောင် အေး!”ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့်
ကားမောင်းနေသည့်ဂျောင်ဂုဖက်ကိုကြည့်တော့ရေဒီယိုမှလာသည့် BTS ရဲ့ Dynamiteသီချင်းအားဝါးချနေပါသည်။“ကိုကို ! မှားနေတယ်
ဒါနာနာနားအေး ဖြစ်ရမှာ”“အော် ဟုတ်လား...ကိုကိုက အလွတ်မှမရတာဟီးဟီး”
အဖြူရောင်ယုန်သွားတန်းလေးထင်းနေအောင်ပြုံးပြသည့်ကိုကိုကြောင့် ဆော့ဂျင်လည်းထက်တူပြုံးမိသွားသည်။ ဆော့ဂျင်ဟာ သီချင်းတွေအကုန်အလွတ်နီးပါးရသော်လည်း ဂျောင်ဂုကမရချေ။ ဝါးချရုံကလွဲပြီးဘာမှမသိတဲ့သူ့ယောကျာ်းဟာသီချင်းနဲ့ပတ်သက်လာရင် အင်နိုးစန့်။
YOU ARE READING
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍