~17‌~

2K 180 36
                                    

အေးချမ်းလှသော ဘုရားကျောင်း၀င်းထဲရှိ
မေပယ်အပင်ကြီးအောက်၌ဖြစ်သည်။
ကလေးသူငယ်များကြား ပုံ့ပုံ့ကြီးထိုင်ကာ
မုန့်ဘူးတွေဖောက်နေသူမှာ ဆော့ဂျင်။

မက်မွန်သီးရောင် hoodie၀မ်းဆက်၀တ်ထားသည့်အပြင် နဖူးထက်ဝဲကျနေသောဆံနွယ်များကို ပန်းသီးပုံစံစည်းထားသေးသည်။လက်နှစ်ဖက်မှာလည်းအစိမ်းရောင်ဖဲပြားများချည်ထားကာ ကလေးများကြား ကိုဗိုက်ဟာ ဆရာတစ်ဆူ၀င်လုပ်နေသည်။

ဘုရားကျောင်းရောက်ရှိနေသည့်အကြောင်းမှာတော့ အလှူလုပ်ချင်တယ်ဟုဆိုလာသောဆော့ဂျင်ကြောင့် မုန့်နှင့်အအေးများ ပေါပေါလျှံလျှံ၀ယ်ကာ လာရောက်လှူဒါန်းရခြင်းဖြစ်သည်။

“ကလေးတို့! ဒီမုန့်တွေကုန်သွားရင်
ဟိုးနားက ဖာသာနဲ့စကားပြောနေတဲ့ ဦးဦးဆီ
သွားတောင်းနော်။ မကြောက်နဲ့သိလား
ကိုကိုဆော့ဂျင် စားချင်တယ်ပြောလို့ဆိုပြီးသာပြောလိုက်...”

ထိုသို့ပြောကာ ဘုရားကျောင်းအ၀၌ ဖာသာနှင့်စကားရပ်ပြောနေသောဂျောင်ဂုထံလက်ညိုးထိုးပြလိုက်သည်။ထိုမှသာ ကလေးတွေလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောပတ်မုန့်နှင့်ကွတ်ကီးများအားဖောက်၍စားသုံးလေရဲ့။

နွေလေပြည်ဟာ ခပ်နွေးနွေး တိုက်ခတ်လို့နီညိုရောင်မေပယ်သစ်ရွတ်များဟာလည်းမြေခနေကြတယ်။

အပူအပင် များကင်းမဲ့ဇုန်လို့တင်စားနိုင်သည့်ဆိုင်သူလေးရဲ့မျက်နှာလေးမှာ အပြုံးဖန့်ဖန့်လေးဆင်မြန်းထားတာကိုကြည့်ရင်းစကားတောင်ဆက်မပြောနိုင်ခဲ့။

အဝေးကပဲ ဖြစ်ဖြစ် အနီးနားကပဲဖြစ်ဖြစ်
အသံလေးနဲ့တင်ပြုစားတယ်။
အမူအရာလေးနဲ့တင် ဖမ်းစားတယ်။
အပြုံးလေးလဲမြင်မိရော...ဟော ဂျွန်ဂျောင်ဂုကြီးပြိုလဲသွားခဲ့ရပြန်တယ်။

ဂျွန်ဆော့ဂျင်အပေါ်ထားသည့် သူ့အချစ်များဟာနွေးထွေးလှသည်၊ ကြင်နာယုယစွာမပြောတတ်ပေမယ့် တစ်သက်စာအတွက်တော့ခိုလူံခွင့်ရမည်။

ကျောင်းသားဘ၀မှာတော့ လိုအပ်တာဖြည့်ဆည်းပေးတဲ့ သူငယ်ချင်းဘ၀လေးပေါ့။
ချစ်ကြိုက်လို့ရည်းစားဖြစ်တဲ့အခါလည်း
ဖေးမကူညီပြီးကောင်းဆိုးမှန်သမျှ မျှဝေမယ့်
ငှက်ငယ်လေးနှစ်ကောင်ပဲ။အဖေနေရောရောက်ခဲ့ပြန်တော့လည်း ချစ်ခြင်းသမုဒ္ဒရာကြား အကြိမ်ကုဋေကုဋာလက်ပစ်ကူးမယ့် အမျိုးသားနှစ်ယောက်ဆိုပြီးနာမည်တွင်လေအုံးမည်။

ချည်Where stories live. Discover now