//Unicode //
နွေးထွေးသောနေရောင်ခြည်မှာ
၀င်လေထွက်လေနှင့်အတူ ဆော့ဂျင်ရဲ့
မျက်နှာပေါ် ခပ်ယေးယေးလေးကျရောက်
လျှက်ရှိသည်။နေရောင်ခြည်မှာ သိပ်မစူးသော်လည်း
အိပ်နေသူ ဆော့ဂျင်အဖို့ စိတ်ရူပ်စရာဖြစ်လှသည်မို့....."ကိုကို နေပူတယ်ကွာ!"
ရုတ်တရက် မထင်မှတ်ပဲနူတ်မှထွက်သော
စကားနှင့်အတူ ဘေးကိုစမ်းကြည့်မိသွားသည်။"ဟင်! ကိုကိုရော?"
ပြန့်နေသည့်အိပ်အခင်းကြောင့် မျက်လုံးများပွင့်ဟကာ ကြည့်လေတော့ တကယ်လည်းကိုကိုဟာမရှိနေခဲ့ပါ။
ကိုကို့အစား Cookyအရုပ်ပန်းရောင်ကြီးနှင့်
အဖြူရောင် RJအရုပ်နှစ်ရုပ်သာရှိသည်။"ဟင်းး "
သက်ပြင်းချပြီးနောက် စောင်ကိုဖယ်ကာ ရေချိုးခန်းကို၀င်ခဲ့သည်။ ဘာရယ်တော့မဟုတ်၊ကိုကိုရေချိုးပေးတာကိုတောင် လွမ်းမိသွားသည်။
ကိုကိုရေ.....ငါ့ကိုဒီတစ်ခါတော့ လာချော့လှည့်ပါကွာ!
~~~~~~~
ခမ်းနားထယ်ဝါလှသော JK groupရဲ့
အစည်းအဝေးခန်းမတစ်ခုတွင်ဖြစ်သည်။
မီးမှောင်နေသည့်အခန်းထဲတွင် လင်းနေသည့်
Projectorထံ လူများအာရုံစိုက်သော်လည်း
အလယ်ဗဟို၌ရပ်နေသည့် စီးအီးအို ဂျွန်ထံတွင်သာအကြည့်တွေပို့နေမိပါသည်။နက်မှောင်လှသော မျက်ခုံးနှင့်အတူ၀င်းဖန့်နေသောအသားအရည်ဟာ projectorမှအလင်းရောင်ကြောင့် ထင်ရှားနေသည်။
၀တ်ဆင်ထားသော အနောက်တိုင်း အနက်ရောင်Suiteမှာလည်း ပြောစရာမလိုအောင် သူနှင့်လိုက်ဖတ်လွန်းသည်။"အစုရှယ်ယာတွေကိုတင်ပြတဲ့အခါ
လိုအပ်ချက်မရှိအောင် နှစ်ခါလောက်စစ်ဆေးစေချင်ပါတယ်။ မစစ်ဆေးပဲတင်ပြသမျှအမှားတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင်လည်းဒဏ်ငွေနှင့်အတူ ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုပေးဖို့ တိုက်တွန်းအပ်ပါတယ်....."အားလုံးကထောက်ခံကြသည်။
ခေါင်းငြိမ့်သူက ငြိမ့်၊ လက်ခုပ်တီးသူက တီးနှင့်အစည်းအဝေးခန်းမထဲ၌ စီးအီးအိုဂျွန်အတွက်ချီးကျုးမှုများဝေဆာနေလျက်။
YOU ARE READING
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍