~18~

1.9K 180 24
                                    

{ မနေ့ကအပိုင်းလေးကို သဘောမကျလို့
ထက်ပြင်ပြီးတင်ပေးလိုက်ပါတယ် ရှင်}

~~~~~~~

ယနေ့ဟာ ဂျောင်ဂုမိဘများ ဆိုးလ်ပြန်လာမည့်နေ့ဖြစ်သောကြောင့် ဆော့ဂျင်တစ်ယောက်စိတ်လူပ်ရှားကာ တက်ကြွနေသည်။

မမြင်တာကြာသော ယောက္ခမတို့မျက်နှာအား
ပြန်မြင်ယောင်ကြည့်တော့ လက်ထပ်သည့်နေ့နောက်ပိုင်းမှစ၍ မတွေ့ခဲ့ရတာ နှစ်တောင်ချီနေခဲ့ပြီဖြစ်သည်။

ယခုလည်း ပြန်လာသည့်အကြောင်းအရာမှာ
ဂျောင်ဂုကို မြင်ချင်သောကြောင့် မဟုတ်။
မွေးခါနီးဖြစ်သော ဆော့ဂျင်ရဲ့ဗိုက်လေးကြောင့်သာအနားနေပေးရန် ပြန်လာခဲ့ခြင်းဖြစ်ပါသည်။

တက်ကြွနေသည့် ဆော့ဂျင်ဟာ ယနေ့မနက်
စောစောထ၍ ရေချိုးကာ အပြာ‌နုရောင်ဝမ်းဆက်လေးဝတ်ထားသည်။ ပြေပြေပြစ်ပြစ်မျက်နှာလေးဟာ ယနေ့မနက်မှ ကြည်လင်နေတာကောင်းကင်ပြာလေးကဲ့သို့။

အနည်းငယ်ရှည်နေပြီဖြစ်သောဆံနွယ်များအား‌ထိပ်တွင်စု၍ချည်ထားပြီးနောက် ဗိုက်လုံးလုံးလေးအားအကျီလုံအောင်သေချာဖုံးဝတ်လိုက်သည်။ထို့နောက် ကိုကိုဝယ်ပေးထားသည့် ပလက်တီနမ်ဟန်းချိန်းလေးအား ၀တ်ကာအောက်ထပ်သို့ဆင်းခဲ့သည်။

သူကတော့ စိတ်လူပ်ရှားနေသူမို့ အမူအရာများကအစ ရင်ခုန်စရာကောင်းပေမယ့်
ကိုကိုကတော့ထိုကဲ့သို့မဟုတ်။ မနက်စာစားပြီးထဲက ဖုန်းသုံးရင်းငြိမ်နေတာ အတော့်ပင်ကြာလှပြီ။

“ကိုကိုရေ!”

အသံဆာဆာလေးဟာ လှေကားထစ်မှ‌ဗိုက်ကိုထိန်းကိုင်ရင်းဆင်းလာသည်။ ဒါကိုမြင်သောဂျောင်ဂုက သုံးလတ်စဖုန်းကိုပစ်ချကာ ဆိုင်သူလေးရဲ့အနားသို့ပြေးတက်လာခဲ့သည်။

သဲသဲကဲကဲမို့ အနားရောက်ရောက်ချင်းပဲခါးကိုထိန်းဖက်ကာ လက်တစ်ဖက်က ဆော့ဂျင်လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်သည်။ထို့နောက် နီးစပ်ရာ ပါးမို့မို့လေးအား မွှေးကြူရင်း.....

“မွှားး မွှေးလိုက်တာ ကိုကို့အချစ်လေးရယ်”

“ဟီးဟီး ဒီနေ့ စတော်ဘယ်ရီလိုးရှင်းလိမ်းထားတာ အဟိ!”

ချည်Where stories live. Discover now