~13~

2.5K 227 26
                                    

//Unicode//

“ကိုကို ပြန်လာရင် ကြက်ဥပူတင်းနော်”

အိပ်ယာပေါ်မှာ လှဲလျောင်းတော်မူနေသော
ကိုဗိုက်ဟာ ဗီရိုရှေ့ နက်ကတိုင်၀တ်နေသည့်
ဂျောင်ဂုကို တစ်ခုပြီးတစ်ခုမှာကြားနေပါသည်။

နက်ကတိုင်၀တ်နေသော ကိုကိုကတော့ ကုတင်ပေါ်မှာ လှဲရင်းနူတ်ခမ်းထော်ကာ လက်ညိုးတထိုးထိုးဖြင့် မှာကြားနေသော ဆော့ဂျင်ကိုကြည့်ပြီးခပ်ပြုံးပြုံးရယ်သာ။

“၀ယ်ခဲ့ပါမယ်ဗျာ စိတ်ချ”

“ကြက်ဥပူတင်းပြီးရင် ငါးပေါင်မုန့်ပါ၀ယ်ခဲ့!”

လှဲနေရာမှ ဗီရိုရှေ့က ဂျောင်ဂုအားစောင်းငဲ့ကာကြည့်တော့ နက်ကတိုင်‌အနက်ရောင်လေးအားခက်ခက်ခဲခဲ၀တ်နေရှာသည်။ကြည့်နေရင်းမသက်သာသည်မို့ ဗိုက်ပူပူလေးအားထိန်းကိုင်ရင်း ကုတင်မှဖြေးညှင်းစွာထလာလေသည်။

ဗီရိုအရှေ့ရောက်တော့ နက်ကတိုင်၀တ်နေသည့်ဂျောင်ဂုလက်များကို ဘေးသို့ဖယ်ပြီးသူ့လက်ချောင်းရှည်ရှည်များဟာ နက်ကတိုင်ကို၀တ်ပေးလိုက်သည်မှာ လှလှပပ။

“ကိုကို ၀တ်လည်းရတာကို....ကုတင်ပေါ်မှာ
အေးဆေးနေတာမဟုတ်ဖူး”

“‌ငါ၀တ်ပေးချင်လို့ပါကိုကိုရာ! ”

နူတ်ခမ်းလေးတစ်ချက်ပါပဲ။ နူတ်ခမ်းလေးတစ်ချက်ထော်ရုံမျှနဲ့ ကိုကိုဟာ အသံတိတ် ပြာကျပြီးဂျွန်ဆော့ဂျင်ဆိုတာနဲ့နှလုံးသားဟာ
စွေ့စွေ့ခုန်သွားပါတယ်။

“ကဲ ပြီးပြီ! သဲငယ်တပ်ပေးတော့ပိုလှသွားပြီ
ဟီးဟီး”

နက်ကတိုင်အနက်ရောင်လေးအားတပ်ဆင်ပေးသည့်အပြီးမှာတော့ ရုံးသွားရမည့်ဂျောင်ဂုကိုသေချာကြည့်လိုက်သည်။ ခေါင်းအစခြေအဆုံးကြည့်တဲ့အခါ မခုန်တာကြာသော နှလုံးသားလေးဟာ တစွေ့စွေ့။

ထင်းရှားနေတဲ့မေးရိုးက ယောကျာ်းဆန်မှုကို
အတိအလင်းဖော်ပြနေသည်။ပြေပြစ်နေတဲ့နဖူးပြင်ထက်လှန်တင်ထားတဲ့ ဆံနွယ်နက်မှောင်မှောင်ဟာဆီဖိလိမ်းထားလို့ ကပ်ရပ်စွာသပ်ရပ်နေသည်။ ထုဆစ်ထားတဲ့မျက်ခုံးတွေကအစ နက်မှောင်လွန်းလှပါဘိ။

ချည်Where stories live. Discover now