//Zawgyi //
တိတ်ဆိတ်နေတဲ့ ပိုးသတ်ဆေးနံ့များရောပြွန်းနေတဲ့ အခန်းငယ်တစ်ခု။
ဆော့ဂျင်တစ်ယောက် တွေဝေစွာပင်
ပြတင်းပေါက်ကိုသာ ထိုင်ငေးနေမိသည်။
သက်ပြင်းလည်းမချပဲ ကျောက်ရုပ်ကြီးတစ်ခုလိုထိုင်နေရင်း လက်တစ်ဖက်ကလည်း ဗိုက်ပေါ်တင်ထားမိသည်။"သားရဲ့ဗိုက်ထဲမှာ မားမားမြေးလေးရှိနေပြီတဲ့ပျော်လိုက်တာသားရယ်...."
"ကိုကိုဆော့ဂျင်ဗိုက်ထဲမှာ တူလေးလား
တူမလေးလား မသိတဲ့ ပိစိလေးရောက်နေပြီ!"ဂုဏ်ယူဝမ်းသာစွာ သူတို့ပြောတဲ့စကားတွေဟာနားထဲသို့ကြိမ်ဖန်များစွာကြားယောင်လာသည်။သူလည်း မ၀မ်းသာပဲနေပါ့မလား
ချစ်တဲ့သူရဲ့ ရင်သွေးကိုလွယ်ပေးထားရတာ
ရူးမတတ် ပျော်မိတာပေါ့။ဒါပေမယ့် သူတို့ကရှေ့အပတ်ဆို
ကွာရှင်းကြတော့မယ့် လူတွေလေ......။"အဟင့်!"
ပေါက်ခနဲကျလာသည့်မျက်ရည်အားလက်ဖြင့်သုတ်လိုက်သည်။ နာကျင်နေတဲ့ရင်ဘတ်လေးအားလျစ်လျှူရှု့ရင်း.....
"ကလေးလေး....ဘာပဲဖြစ်ဖြစ် အာပါးက ကာကွယ်မှာမို့လို့ ကျန်းမာနေပေးရမယ်နော်"
စူထွက်စဗိုက်လေးအား လက်ဖြင့်ပွတ်ရင်း
ဆော့ဂျင် ပြောလိုက်သည်။
ထို့အတူ မျက်ရည်တွေအားပုတ်ထုတ်ရင်း
ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်သည်။"ဂျွန်ဂျောင်ဂု ဆီသွားမယ်......"
............
ဈေးဝယ်စင်တာတစ်ခုတွင် ဂျောင်ဂုတစ်ယောက်အိမ်အတွက်လိုတာများဝယ်ရင်း
ဘူဆန်ပြန်ကာချော့ရမည့် ကလေးငယ်အတွက်မုန့်များဝယ်ဖို့ တွန်းလှည်းတစ်ခုဖြင့်
အလုပ်ရူပ်နေလေသည်။တစ်ယောက်ထဲဈေးဝယ်ထွက်ရသည်မို့
ပစ္စည်းများမနိုင်မနင်းကြား တွန်းလှည်းကိုလည်းတွန်းရသေးသည်။
ဒီကြားထဲ အရောင်းစာရေးမတွေက ကွတ်ကြည့်ကွတ်ကြည့် လုပ်နေလို့ သူ့ခမျာ မျက်နှာဘာပေနေလဲဆိုတာ လည်းကြည့်ရသေးသည်။"အော်....ချောကလက်ကိတ်လေးလည်း
ဝယ်ရမှာပဲ....နွားနို့လည်းဝယ်ရမယ်"

YOU ARE READING
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍