“ကြက်ဥနဲ့ဘဲဥ ဖွားဖွားနဲ့ကောင်းကောင်းနေရဲ့လား”
“ဟုတ် ပါပါး။ ဖွားဖွားကို သားတို့အများကြီး
ဂရုစိုက်ပါတယ်”“ဟုတ်လား ဘယ်လိုဂရုစိုက်တာလဲ ဒယ်ဒီ့ကိုပြောပါ
အုံး”Screen သာခြားနေသည့်မျက်နှာပြင်လေးနှစ်ခုဝေး
ကွာနေခဲ့တာ တစ်ပတ်ပင်ပြည့်တော့မည်။ ကလေးနှစ်ယောက်ကို သဲငယ်ရဲ့အမေရှိတဲ့ ရွာမှာထားခဲ့တာ
ဖြစ်ပြီး သူတို့နှစ်ယောက်ကတော့ အလုပ်ဗန်းပြကာ
Paris ကိုရောက်လာကြခြင်းဖြစ်သည်။“ပြောပြရရင် အများကြီးပဲ ဒယ်ဒီရဲ့”
ဂျောင်ဂု မျက်ခုံးတွေပင့်တက်သွားရသည်။မျောက်နဲ့
မှားမွေးလာသလားထင်ရတဲ့ သူတို့ရဲ့ဥနှစ်ဥက အမေ့
ကိုပြုစုတယ်ဆိုတော့။ ဖြစ်ကောဖြစ်နိုင်ပါ့မလား။
Laptopကိုင်ထားတဲ့ ဆော့ဂျင်ရင်ခွင်ထဲခေါင်းတိုးပြီး
ကလေးနှစ်ကောင်ရဲ့စကားကိုနားထောင်ဖို့ပြင်လိုက်
သည်။“ပြောပါအုံး ပါပါးနဲ့ဒယ်ဒီက နားထောင်ချင်လို့”
“သားသားပြောမယ်!!”
”မီးမီးအရင်ပြောမယ်!!”
“ကြက်ဥမ!!! ငါအရင်ပြောမယ်ဆိုနေ!!”
“မရဘူးနော် မီးအရင်ပြောမှာ!! ကိုကိုဘဲဥ!!!”
“အမလေး တော်ကြပါတော့!!! ဆူညံနေတာပဲ!”
ဂျောင်ဂုနည်းနည်းဟန့်လိုက်တော့မှ တစ်ဖက်မှ
ကလေးနှစ်ယောက် ငြိမ်ကျသွားသည်။ဒါတောင်
ဖုန်းကိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စောင်း
တွေပစ်နေတုန်း။“မောင်နှမနှစ်ယောက်လေးရှိတာ ကိုက်နေကြတယ်
ခွေးလား မင်းတို့!”“ဒယ်ဒီလည်းပါပါးကိုကိုက်တာပဲလေ!”
“ဟမ်!”
“ကိုကိုရေ....တော်တော့ မင်းဆက်မပြောနဲ့တော့!”
ဆွံ့အနေတဲ့ ကလေးအဖေဆီက လက်တော့ပ်ကိုယူ
ကာ သူ့ဖက်ကိုလှည့်လိုက်သည်။ ကလေးနှစ်ယောက်က သူတို့နဲ့ခွဲနိုင်တာမျိုးတော့မဟုတ်။နှစ်ပတ်လည်တွေနီးလာတိုင်း တိတ်တိတ်လေးခရီး
ထွက်တတ်တာ ကလေးတွေလည်းအသိ။ ကြီးပြင်း
လာသည်နှင့်အမျှ ကလေးတွေက အဖေနှစ်ယောက်
ကိုတော်တော်နားလည်ပေးနိုင်လာသည်။
VOCÊ ESTÁ LENDO
ချည်
Fanficပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍