~15~

2.1K 213 42
                                    

//Unicode //

ဂျွန်ဆော့ဂျင်တစ်ယောက် မီးဖိုချောင်ထဲ၌
ဇွန်းနှင့်ခက်ရင်းကိုင်ကာ သောင်းကျန်းနေသည်။အကြောင်းမှာတော့ ဂျောင်ဂုချက်သည့်မနက်စာလေးမပြီးသေးသောကြောင့်......။

“ကိုကိုရေ...ငါ ဗိုက်ဗိုက်ဆာလှပြီ”

“ပြီးပါပြီဗျာ။ ကြက်ဥလေးကျက်အောင်
ကိုကိုကစောင့်နေတာ....”

အေပရွန်ကြီး၀တ်ကာဟင်းချက်နေသည့်ဂျောင်ဂုဟာအနောက်မှမြင်နေရသည့် ကျောပြင်လေးကအစဆွဲဆောင်လွန်းသည်။ ကျောပြင်နှင့်အတူဟင်းချက်နေသည့် လက်ဖျံလေး၌ယှက်နွယ်နေသည့်သွေးကြောစိမ်းများကအစ သဘောကျချင်စရာ။

“ကိုကို! ဘဲဥပါကြော်ပေး။ကြက်ဥလည်း
မြန်မြန်လုပ်ကွာ”

သိပ်မကြာလိုက်ပါ။ပူပူနွေးနွေးမနက်စာလေးဟာအဆင်သင့် ဆော့ဂျင်အရှေ့သို့ကျရောက်လာပါသည်။အေပရွန်ကိုချွတ်ကာ ဂျောင်ဂုလည်းတူတူ၀င်ထိုင်လိုက်သည်မို့ မနက်စာကိုတူတူစားမည်ဖြစ်ကြောင်း သိလိုက်ရသည်။

“ကြက်ဥနဲ့ဘဲဥ ကိုအရမ်းစားနေတော့
မွေးလာမယ့်ကလေးလေးကို ဘဲဥလို့နာမည်
ပေးမလား!”

ထမင်းတစ်လုတ်စားရင်းဂျောင်ဂုကမေးလိုက်သည်။ဆော့ဂျင်ကတော့ သူစားနေရင်း ဂျောင်ဂုအမေးကြောင့် စဉ်းစားသွားဟန်။

“ဘာလဲကွာ! ကလေးကို ဥနာမည်တွေနဲ့!”

“မိုက်ပါတယ်။ ဥမျိုးဥနွယ်တွေပေါ့”

“ဘောကိုမိုက်နေလိုက်!”

ထိုသို့ပြောကာမနက်စာကိုတမြုံမြုံ့ဖြင့်ဆက်၍စားနေလိုက်သည်။ထမင်းစားတိုင်း ပါးစပ်ထဲအပြည့်ထည့်ကာအပီအပြင်ဝါးတတ်သော
ဆော့ဂျင်ဟာ ယခုလည်းပါးနှစ်ဖက်မှာ ထမင်းအပြည့်ဟင်းအပြည့်။

တစ်ခါးဝါးတိုင်းဖောင်းတက်သွားသည့်ပါးပြင်နှစ်ဖက်နှင့်အတူ နူတ်ခမ်းဖူးဖူးလေးဟာ
ရွစိရွစိ။ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းထမင်းစားနေသည့်ဆော့ဂျင်ဟာ မွေးခါစကလေးတစ်ယောက်လိုနှယ်။

“နေ့လည်ကျရင် Ultrasoundရိုက်ရမယ်နော်။
စားပြီးတာနဲ့ ပြင်ဆင်ကြရအောင်...”

ချည်Where stories live. Discover now