မွေးဖွားဖို့ နှစ်ရက်အလို။
အရာအားလုံးဟာ အဆင်သင့်ဖြစ်နေပြီ။
ဆော့ဂျင်လည်း မွေးဖွားဖို့အဆင်သင့်ဖြစ်နေသလို ဂျောင်ဂုမှာလည်း အမွှာလေးတို့ကို
ကြိုဆိုဖို့အဆင်သင့် ။ယောကျာ်းလေးကိုယ်ဝန်ဆောင်ဖြစ်သောကြောင့်တစ်ပတ်လောက်ဆေးရုံကြိုတက်ကာ အရာအားလုံးပြင်ဆင်ခဲ့ရသည်။ သူကတော့ ဘာမှသိပ်မလုပ်ရ၊ အကုန်လုံးကိုဂျောင်ဂုနှင့် မိဘများသာစီစဉ်ပေးထားသည်မို့ သူက ဆေးရုံသို့ကျော့ကျော့လေးတက်ရုံတင်။
ယခုလည်း ဆေးရုံဝတ်စုံနဲ့ဆော့ဂျင်ဟာ
ကုတင်ထက် တင်ပျေခွေထိုင်ရင်း မေမေခွံ့ကျွေးသည့် ပူတင်းနဲ့ချိစ့်ကိတ်ကို အားရပါးရစားနေပါသေးသည်။မုန့်တစ်ခါစားတိုင်း ပြုံးပြသည့်ဆော့ဂျင်ဟာ မုန့်များကုန်သွားသည့်တိုင်းပြုံးနေဆဲပါ။ဒါဟာ အစားစားနေရင် သူသဘောကျတဲ့အခါလုပ်ပြတတ်တဲ့အမူအကျင့်လေးတစ်ခုဖြစ်ပါသည်။
“သား...ဆော့ဂျင်နီး! မေမေ အိမ်ခဏပြန်ပြီး
သားအတွက် အားရှိအောင်စွတ်ပြုတ်လေးချက်ခဲ့မယ်။ ဂျောင်ဂုနဲ့တူတူနေခဲ့နော်”“ဟုတ်ကဲ့မေမေ ဂရုစိုက်သွားနော်”
စားလို့သောက်လို့အပြီးမှာတော့ ဂျောင်ဂုမေမေဟာ ပန်းကန်များဆေးပေးခဲ့သည့်
အပြင်ဂျောင်ဂုကိုလည်းတဖွဖွမှာနေခဲ့ပါသည်။ဆော့ဂျင်အားဂရုစိုက်ပေးဖို့နှင့် စားချင်တာရှိရင်ဝယ်ကျွေးဖို့။ဂျောင်ဂုကတော့ ခေါင်းတဆက်ဆက်ငြိမ့်ပြနေပေမယ့် အမေဖြစ်သူမှာမယုံသောအကြည့်ဖြင့်အခန်းတံခါးတောင်သေချာမဖွင့်ပဲလှည့်ကြည့်လှည့်ကြည့်လုပ်နေသေးသည်။
“သွားပါတော့ မကြီးဂျွန်ရယ်.....ကျွန်တော်မျိုးသေချာစောင့်ရှောက်ပါ့မယ်၊ ဒါကျွန်တော်မျိုးရဲ့ယောကျာ်းပါ အမကြီးရယ်!!”
လက်နှစ်ဖက်ကိုပူးကပ်ကာ ဆိုတော့မှအမေဟာခပ်ဟဟရီရင်းထွက်သွားလေသည်။ဆော့ဂျင်မေမေကတော့ ဘာသာရေးတရားကိုင်းရိုင်းသူပီပီ ဘုရားကျောင်းများထံ ဆော့ဂျင်လေးချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ ဆုတောင်းအလှူများပြုလုပ်နေသည်။
VOUS LISEZ
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍