Hello.....🤍
နောက်ဆုံးတော့ ဒီလိုနေ့လေးကို
ရောက်ရှိလာခဲ့ပါပြီ မိတ်ဆွေလေးတို့🤍တော်တော်လေးလည်း စိတ်လူပ်ရှားနေတဲ့
အပြင် ပထမဆုံးမဟုတ်တဲ့ တစ်ကျော့ပြန်
ပွဲဦးထွက်လေးမို့ အများကြီးလည်း
မမျှော်လင့်ရဲပါဘူး။အမှန်တိုင်းပြောရရင် စာအုပ်ထုတ်တဲ့ကိစ္စတွေနဲ့
အဝေးဆုံးမှာ နေခဲ့တာကြာပါပြီ။ သူများတွေ
ထုတ်ရင် အားကျသလို သဘောလည်းကျမိရုံက
လွဲပြီး ငါလည်းထုတ်ရင်ဘယ်လိုနေမလဲတောင်
မတွေးခဲ့မိဘူး။ ဒါပေမယ့် ဒီတစ်ခေါက်ကိုတော့
ထက်တွေးခဲ့မိလိုက်တာပါ။စာရေးရင်း ရခဲ့တဲ့အခိုက်အတန့်တွေအများကြီး
ရှိခဲ့သလို သိရှိနားလည်ခဲ့ရတာတွေလည်း
အများကြီးပဲ။ သာမန်ဘ၀မှာ ဖြတ်သန်းခဲ့ပုံနဲ့
စာရေးတဲ့နေရာမှာ နေထိုင်ပုံချင်း ကီးမကိုက်တော့ အားလုံးကို အချိန်ပေးပြီး ပခုံးချင်းညှိရတယ်။ပြောရရင်တော့ ဆက်ဆက်ကြဲ ဘ၀ကနေ
အေးချမ်းတဲ့ အသွင်ကို ပြောင်းလဲပစ်နိုင်ခဲ့လို့
ကိုယ့်ကိုယ်ကို အများကြီး ချီးကျုးချင်ပါတယ်။
ဖြစ်နိုင်ရင် စာစရေးတဲ့နေ့က ယုံးယုံးဆီပြန်သွားပြီး
ဒီနေ့ ယုံးယုံးအနေနဲ့ တစ်ခုလောက်မှာချင်ပါတယ်။“နင်အများကြီး ဖြတ်သန်းနိုင်ခဲ့ ရေးခြစ်နိုင်ခဲ့ပြီ...”
ဆိုပြီးတော့ပါ။စာရေးဖို့အလုပ်က မလွယ်ကူတဲ့အပြင်
စာအုပ်တစ်အုပ်ဖြစ်လာဖို့ကလည်း
အရမ်းခက်ခဲတော့ နောက်ထပ်စာအုပ်တွေ
အတွက် အချိန်ယူရပါအုံးမယ်။
မထုတ်ဖြစ်တာတော့မဟုတ်ပေမယ့်
အချိန်အများကြီးစဉ်းစားရပါအုံးမယ်။အမြဲတမ်း အဆင်ပြေနေတာမျိုး
ပျော်ရွှင်နေတာမျိုးတွေ မဟုတ်ခဲ့တော့
တစ်ခါတစ်လေ နားလည်ရခက်တဲ့အခါ
ဒီနေရာလေးကပဲ ယုံးအတွက်
တူတူရှိနေပေးခဲ့တာပါ။ဆိုးတူ ကောင်းတူနဲ့ ဘာပဲလုပ်လုပ်
အပြစ်မမြင်ဘဲ ယုံးယုံးဘေးမှာရှိပေးကြလို့
ယုံးယုံးက အခုလိုမျိုး သွက်လက်တဲ့စာရေးသူ
အဖြစ်နဲ့ ရှိနေနိုင်တာပါ။စာဖတ်သူတွေက စာရေးသူတွေရဲ့
အားအင်တစ်ခုပါ။ အမြဲတမ်း မှတ်မိနေမယ့်
မှတ်ညဏ်ထဲမှာ အားလုံးကိုထည့်သိမ်းထားပါတယ်။
ESTÁS LEYENDO
ချည်
Fanficပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍