တိတ်ဆိတ်နေတဲ့အိပ်ခန်းလေးထဲ လူပ်စိလူပ်စိဖြင့် အလုပ်ရူပ်နေသူမှာ ဆော့ဂျင်။
အကြောင်းကတော့ “ညကျရင်ပါတီတစ်ခုလိုက်ခဲ့ရမယ်”ဆိုတဲ့ ကိုကို့ရဲ့messageကြောင့်
အလောတကြီးပြင်ဆင်နေရခြင်း။အနည်းငယ်ကျပ်ထုပ်နေသည့်ဘောင်းဘီကိုဇစ်ဆွဲရင်း ကိုယ်လုံးပေါ်မှန်ကိုကြည့်လိုက်သည်။
“ငုံးမကိုကို! ငါ့ကိုခေါ်ပြီးအသားယူရင်း
လုပ်စား အုံးမယ်!”နူတ်ခမ်းကြီးထော်ကာ မှန်ကိုကြည့်ရင်း အကျီကြယ်သီးကိုတပ်နေလိုက်သည်။ရင်ဘတ်ပိုင်းအထိကြယ်သီးကအဆင်ပြေသော်လည်း
အဆီရစ်နေသည့်ဗိုက်နေရာမှာရှိတဲ့ကြယ်သီးများက အသက်ရှုကြပ်နေပုံ။“အမယ်လေး! ကျပ်ထုပ်နေတာပဲ!”
အသက်ကိုအောင့်ကာ ကြယ်သီးကိုတပ်ရင်း
စိတ်ထဲမှာတော့ ယောကျာ်းဖြစ်သူအား
မေတ္တာပို့သလျက်။ဒင်းကြောင့် ကျပ်တာတွေဝတ်နေရတယ်
ဒင်းကျတော့ ငါ့နာမည်နဲ့ပါတီမှာလုပ်စားအုံးမယ်သေနာကြီး!!!ပြင်ဆင်လို့အပြီးမှာတော့ ကိုယ်လုံးပေါ်မှန်ရှေ့တစ်ပတ်လှည့်ရင်း....
“ငါကဘယ်လိုဝတ်ဝတ် ချောပြီးသား!”
ကိုယ့်ကိုယ်ကိုပဲ အမွှန်းတင်ရင်း အပေါ်ထပ်ကုတ်အနက်လေးအားထပ်ဝတ်လိုက်သည်။ထို့နောက်သူ့ယောကျာ်းဝယ်ပေးဖူးသည့် Rolexနာရီလေးအားပတ်ပြီး အခန်းထဲမှထွက်လာခဲ့သည်။
“ဘယ်ဆိုးလို့လဲ လဒ၀ယ်ပေးတဲ့နာရီကတော့
အခုထိ လိုက်တုန်းပဲ!”နာရီလေးအားတစိမ့်စိမ့်ကြည့်ရင်း အိမ်အောက်ကိုဆင်းလေတော့ ဆိုဖာမှာ ထိုင်နေသည့်ဂျွန်ဂျောင်ဂု။
လှေကားပေါ်မှ ဆင်းလာသည့် ဆော့ဂျင်ကိုလည်ပြန်ငေးရင်း မှင်သက်သွားလေသည်။
ဝင်းဖန့်ဖန့်နဖူးပြင်ဟာ ဆံပင်လှန်တင်ထားလို့ပိုမိုဆွဲဆောင်နေသလို။စမတ်ကျလွန်းသည့် အ၀တ်အစားမှာလည်းသူနဲ့ အင်မတန်ကိုလိုက်ဖတ်လွန်းသည်။ကိုယ့်ယောကျာ်းမို့ ကိုယ်ပြောတာတော့မဟုတ်၊ဒါပေမယ့် ဆော့ဂျင်က သိပ်ကိုချောပါသည် ။

KAMU SEDANG MEMBACA
ချည်
Fiksi Penggemarပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍