နှစ်အနည်းငယ် ကြာပြီးနောက်........
“ကိုကို! မင်းဘာတွေရွေးနေတာလဲ”
ကုတင်ထက် ပြန့်ကျဲနေသော ပွဲတက်ဝတ်စုံများကြား ခေါင်းစားနေသည့်ကိုကို။ တစ်ထည်ပြီးတစ်ထည်ထုတ်ကြည့်ကာသဘောကျမကျရင်ပြန်ချလိုက်၊ သဘောကျရင် မှန်ရှေ့သွားတိုင်းကြည့်လိုက်နှင့်မို့ ဆော့ဂျင်ဟာ သိပ်စိတ်မရှည်တော့။
“ကိုကိုက ပိုချောနေမှဖြစ်မယ်လေ အသဲရယ်”
“နေပါအုံး! သတို့သားက မင်းလား
ကင်ထယ်ယောင်းလား ကိုကိုရာ”“သတို့သားထက် ပိုချောချင်လို့”
ဒီတစ်ခွန်းသာဆိုပြီး အနက်ရောင်အနောက်တိုင်းဝတ်စုံကိုယူလိုက်သည်။အရောင်အားဖြင့်မကွာခြားသော်လည်း စိန်စီထားသည့် ကြယ်သီးများကြောင့် မျက်လုံးထဲတွင် တလက်လက်။
“တော်ပါပြီ ဒီလောက်ဆို သင့်တော်ပါပြီ”
“သင့်တော်တာထက်ကို ပိုနေပါပြီ”
ဆော့ဂျင်က ဆိုတော့ဂျောင်ဂုတစ်ယောက် အကျီလေးကိုင်ကာ ဆော့ဂျင်အနားကိုလျှောက်လာသည်။ပါးမို့မို့လေးအား ဆွဲညစ်လိုက်တော့ ပြန်ရလိုက်သည်မှာ မျက်စောင်းလှလှလေး တစ်ခု။
ဒါတွေနဲ့လည်း ကျေနပ်နေရတာပါပဲ။
ချစ်နေရတာပါပဲ......။“ကဲ ! မြန်မြန်ပြင်ပါ ကိုကိုဂျောင်! အောက်မှာ
ကလေးတွေစောင့်နေတာကြာလှပြီ”ဆော့ဂျင်လည်း ထိုင်ရာမှထကာ ဂျောင်ဂုကိုနက်ကတိုင်ဝတ်ပေးသည်။လုပ်နေကျအလုပ်လေးမို့နူတ်ခမ်းလေးစူထားရင်း နက်ကတိုင်ကိုသေချာဝတ်ပေးလိုက်သည်။
“အာပါး! ဒယ်ဒယ်”
ထိုအချိန်မှာ အဖြူရောင်ဂါဝန်လေးနဲ့အခန်းထဲသို့ဝင်လာသည့် သမီးလေး။ အဖေနှစ်ယောက်အနားသို့ချက်ချင်းပြေးလာကာ နှစ်ဖက်စီးထားသောဆံပင်လေးများကို လက်ဖြင့်ကိုင်လာသည်။
“ဘာဖြစ်လို့တုန်း ဘဲဥလေးရဲ့”
“ကျစ်ဆံမြီးကျစ်ပေး အာပါး! ဒီဂါဝန်နဲ့ကျစ်ဆံမြီးနဲ့မှ လိုက်မှာ”
YOU ARE READING
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍