//Zawgyi //
“ဟင်! ကိုကို”
“သဲငယ်”
လက်ထဲမှ ရေပိုက်အားပစ်ချကာ
သူ့အရှေ့ရပ်နေသည့် ဂျောင်ဂုရင်ထဲဝင်ပစ်လိုက်သည်။အားရပါးရဖက်ထားကာ ရင်ခွင်ထဲသို့အတင်းတိုးဝင်ပစ်လိုက်သည်။'အင့်'
နေ၀င်ဆည်းဆာနှင့်အပြိုင်လှနေသည့် ဆော့ဂျင်ကိုမှင်သက်စွာငေးနေစဉ်မှာပဲ ရင်ခွင်ထဲ
ပြေးဝင်လာတာကြောင့် ဂျောင်ဂုခမျာ
ကြောင်အအ။ခဏကြာမှ ဖက်ဖို့သတိရသွားပြီးအလိုက်သင့်ပြန်ဖက်လိုက်သည်။တင်းကြပ်စွာဖက်ထားရင်းဆံပင်လုံးလုံးလေးအား အနမ်းတွေခြွေမိတာအကြိမ်ကြိမ်။
အပွေ့အဖက်တွေ၊ အနမ်းတွေ
သိပ်လွမ်းနေခဲ့ရတာ.....။
တစ်ရက်လေးတောင်မခွဲနိုင်တာ သိရက်နဲ့
ရူးမိုက်စွာ ဘူဆန်အထိ ထွက်လာခဲ့မိတာ။ဖက်ထားသည့်ကြားမှ စိုစွတ်လာတဲ့ရင်ဘတ်ကြောင့် ရင်ခွင်ထဲမှခွာကာ မျက်နှာလေးကိုလက်ဖြင့်မော့လိုက်သည်။ ဖြူအုအုပါးပြင်လေးမှာဖြတ်သန်းနေတဲ့ မျက်ရည်စီးကြောင်းတွေဟာသူ့ရင်ကိုဓားနဲ့ခွဲနေသလို။
ငိုထားလို့တသိမ့်သိမ့်တုန်နေတဲ့နူတ်ခမ်းလေးဟာသူ့ကိုရေဆာစေသလိုပင်။
“မငိုပါနဲ့သဲငယ်ရယ်.....ကိုကို ရှိတယ်လေ”
မျက်ရည်များကိုလက်ခုံလေးဖြင့် သုတ်ပေးလိုက်သည်။ဒါတောင် ရိုက်ကြီးတငင်ငိုနေတဲ့ ဆော့ဂျင်ဟာ မျက်လုံးတွေတောင်မို့အစ်လာလေရဲ့။
“မငိုနဲ့တော့....မျက်လုံးနာမယ်”
“နာပါစေ! မျက်လုံးနာရင် ကိုကိုကနမ်းလိုက်ပေါ့....ဒါဆိုပျောက်သွားလိမ့်မယ်....”
ငိုနေသည့်ကြားမှ နူတ်ခမ်းလေးထော်ကာ
ပြောလိုက်သည့် ဆော့ဂျင်ဟာ ဂျောင်ဂုကမ္ဘာရဲ့တစ်ယောက်သော ချစ်ရသူ။မျက်ရည်တွေမြစ်ဖျားခံရာ မျက်လုံးမို့မို့လေးအားနူတ်ခမ်းဖြင့်ဖိနမ်းလိုက်သည်။ ထိုမှ သာ
အငိုတိတ်သွားတဲ့ကလေးငယ်ဟာ ရင်ခွင်ထဲသို့အရှက်ကြီးစွာတိုးဝင်လာတော့သည်။

CZYTASZ
ချည်
Fanfictionပျက်စီးနေတဲ့နှလုံးသားနှစ်ခုအား ပြန်လည်ချည်နှောင်ပေးခဲ့သော နှောင်ကြိုးတစ်စုံ.............။ Started -29, November,2021🤍 Ended -3, December,2021🤍