02 : He's between life and death

2.1K 201 21
                                    

[Unicode]

လွန်ခဲ့သော သုံးလ,

ထယ်ဟျောင်း ကားတိုက်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာ ။

ဆေးရုံတစ်ခုတွင်ဖြစ်သည်။ ခွဲစိတ်ခန်းရှေ့တွင် ဆောက်တည်ရာမရဖြစ်နေသော လူသုံးယောက်ဟာ ထယ်ဟျောင်း၏ အဖေ၊အမေနှင့် ဟန်ယွန်းဂျူတို့ပင်ဖြစ်၏။ မကြာမီ သူတို့အနားသို့ အပြေးတပိုင်းရောက်ချလာသော လူတစ်ယောက်၊ မသေမသပ်ဖြစ်နေသော နက်ခ်တိုင်, ဖရိုဖရဲဖြစ်နေသော အင်္ကျီနှင့် နားထင်တစ်လျှောက်ရှိချွေးစတို့မှာ ဘယ်လောက်ထိပူပန်နေပုံကို တစ်နည်းအားဖြင့် ဖော်ပြနေသည်။

" အမေ! ထယ်ဟျောင်းရဲ့အခြေအနေ "

စကားသံတို့တွင် မောဟိုက်နေသောအသက်ရှူသံတွေဟာလည်း တစ်စွန်းတစ်စပါဝင်လို့နေပြန်၏

" ထယ်ဂျင်း ... သားငယ်လေးကလေ အဟင့် "

စကားပင်ဆုံးအောင်မပြောနိုင်ဘဲ မျက်နှာကိုလက်ဖြင့်အုပ်ကာ ငိုနေသည့် အမေဖြစ်သူကြောင့် ထယ်ဂျင်းတစ်ယောက် ပိုလို့ပင် စိတ်ထဲ တင်းကြပ်လို့လာသည်။ ဟင့်အင်း ... မဖြစ်ရဘူး ထယ်ဟျောင်း။ ကျေးဇူးပြုပြီး ကြီးကြီးမားမား ဘာမှမဖြစ်လိုက်ပါနဲ့ကွာ။

" ကားက သုံးစီးဆင့်တိုက်တယ် သား၊ မင်းညီက ‌ဒဏ်ရာ တော်တော်ပြင်းတယ်တဲ့ "

" ထယ်ဟျောင်းက ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ သူက ဘယ်လောက်တောင်သန်မာလိုက်လဲ .. အဖေတို့လည်း သိတယ်မလား "

အမေဖြစ်သူဟာ တအီအီငိုနေရင်းပင်၊ အဖေဖြစ်သူဟာလည်း ဆေးရုံကြမ်းပြင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေသည်။ သူလည်း ရင်တွေကွဲကြေကုန်ပြီလားတောင်မသိ၊ စိတ်တွေ သိပ်ကို မွန်းကြပ်လွန်းတာမို့ ဘာမှမဖြစ်ပါနဲ့ ထယ်ဟျောင်းရာ။

သူအခုမှ သတိရမိသည်က ခွဲစိတ်ခန်းအရှေ့ရှိ နံရံထောင့်လေးမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ငြိမ်သက်နေသည့် ကောင်မလေးကိုပင်။ ကောင်မလေးအရှေ့ကိုသွားကာ သူလည်း ထိုင်လိုက်တော့‌ မော့ကြည့်လာသည့် မျက်ဝန်းလေးတွေမှာ မျက်ရည်စလေးတွေဟာ တွဲခိုလို့။

" ထယ်ဂျင်း~ "

" ဟျောင်းကလေ ကျွန်မနဲ့ဖုန်းပြောနေခဲ့တာ၊ ကျွန်မသာ ... ဟင့် ကျွန်မသာ ဖုန်းမခေါ်ခဲ့ရင် သူ သူ ဒီလိုဖြစ်မှာမဟုတ်ဘူး။ အဟင့် ကျွန်မကြောင့်- "

Forget Me Not [ Completed ]Tempat cerita menjadi hidup. Temukan sekarang