12 : Cuz you love me and I love you

1.4K 154 63
                                    

[Unicode]

" ငါ မလိမ်ပါဘူးဆို အဟင့် "

ခြောက်နှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်၏ ရှိုက်သံတိုးတိုးလေးသည် ရပ်ကွက်ငယ်လေးထဲတွင်ပြုလုပ်ထားသည့် ကစားကွင်းလေး၏ ထောင့်တစ်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကောင်ငယ်လေးမှာ မြေကြီးပေါ်ဖင်ထိုင်လျက်သားလေးရှိနေပြီး သူ့အရှေ့တွင်မူ ရွယ်တူကောင်လေးသုံးယောက်က မတ်တပ်ရပ်ကာနေလေသည်။

ထိုမြင်ကွင်းသည် ကြည့်မြင်မိသူ မည်သူမဆိုနားလည်နိုင်သည့် အနိုင်ကျင့်ခြင်းမြင်ကွင်းပေ။ မတ်တပ်ရပ်နေသည့် ကောင်လေးသုံးယောက်ထဲမှ အထွားဆုံးဖြစ်သည့်တစ်ယောက်သည် အရွယ်နှင့်မျှမလိုက်အောင် လှောင်ပြုံးပြုံးရင်း စကားဆိုလာခဲ့သည်။

" ဟေ့ရောင် မင်းလိမ်နေတာ အကုန်လုံးသိတယ်ကွ ! ဟိုနားမှာ သရဲတွေ့တယ် ပြောလိုက် ၊ ဒီနားမှာ သရဲတွေ့တယ် ပြောလိုက်နဲ့။ ငါတို့တွေကို ဒီလိုမျိုး လာမခြောက်စမ်းပါနဲ့ "

" မဟုတ်ပါဘူးဆို! မင်းတို့တွေဆော့နေတဲ့ အဲ့ဒီ့လျှောနားမှာ မျက်စိကနေပြီးသွေးတွေကျနေတဲ့ ဆံပင်ဖားလျားနဲ့အန်တီကြီး တကယ်ရှိတာပါဆို "

" တယ်! ဒီကောင်တော့ "

" အခုတောင် ငါတို့ကို စိုက်ကြည့်နေတယ် "

သူပြောတာကိုမယုံဖြစ်နေသည့် ကောင်လေးသုံးယောက်ကို မြေပြင်ပေါ်မှကောင်လေးသည် ခပ်ဝေးဝေးကလျှောကို လက်ညှိုးထိုးကာ ပြောလေသည့်အခါ ကောင်လေးသုံးယောက်မှာ ခေါင်းကိုလည်ပြန်ကြည့်၏။

" မဟုတ်တာတွေ ပြောနေတာ တော်ပါတော့ကွ "

" ငါတို့‌ကိုလာခြောက်နေတဲ့ ဒီကောင့်ကို ဆုံးမရမယ် "

ကောင်လေးသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်မျက်စပစ်ကာ သူ့အနားချည်းကပ်လာသည့်အခါ မြေပြင်ပေါ်မှကောင်လေးသည် ဖင်ထိုင်လျက်သား အနောက်ကို တရွတ်တိုက်ကာ တဖြေးဖြေးရွှေ့သွား၏။

" ငါ မင်းတို့ကို အတည်ပြောနေတာပါဆို ၊ မင်းတို့မကြိုက်ရင် မပြောတော့မှာမို့ အနိုင်တော့မကျင့်ကြပါနဲ့ ဟင့် "

Forget Me Not [ Completed ]Où les histoires vivent. Découvrez maintenant