19 : Knowing the fear

1K 109 48
                                    

[Unicode]

ခေါက်ရိုးကျိုးသွားသည့် အပြာရောင်စက္ကူလေးတစ်ရွက်သည် နဂိုမူလအတိုင်းပြန်မဖြစ်နိုင်တော့ဘဲ ခေါက်ထားသည့်အရာလေး ထင်ကျန်နေခဲ့လိမ့်မည်။ ထိုသို့ပင် ကုန်ဆုံးသွားသည့် အချိန်များသည်လည်း ပြန်ရယူလို့ မရနိုင်တော့ပေ။

တဖြည်းဖြည်း နီးကပ်လာသည့် အဲ့ဒီ့နေ့။
ခွဲခွာရတော့မည်ဆိုသည့် အသိစိတ်။
ကိုယ့်ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် မခံစားမိတော့သည့် အချိန်များ။

အရာရာဟာ ကြောက်မက်ဖွယ် အတိ။ ပုံမှန်အခြေအနေနှင့်သာဆိုလျှင် ရှေ့ဆက်ဖြစ်လာမည့်အရာများကို တွေးကြောက်နေမိမည်မဟုတ်သည်အထိ အရာရာကို လက်လျှော့ထားခဲ့ပြီးသားပဲ။ ယခု၌မူ ငြိတွယ်မိသည့် သံယောဇဉ်ကြိုးလေးတစ်မျှင်ကြောင့် သူသည် ရှင်သန်လိုစိတ်ပြင်းပြနေသည်။

ဘယ်လိုမှ ကြိုးစားရုန်းကန်လို့မရသည့် အခြေအနေနှင့် ဘာဖြစ်လာမလဲဆိုတာကိုသာ ကံညွှန်ရာရေစီးကြောင်းအတိုင်း စီးမျောရမည့်အဖြစ်သည် ခံပြင်းဖို့ကောင်းလွန်း၏။ လွင့်မျောနေမိသည့် စိတ်တွေ၏အဆုံးသတ်သည် ဂျောင်ဂုနှင့်အတူ အိုမင်းသွားချင်သည်တဲ့။

ထယ်ဟျောင်းသည် အလုံးစုံမျှော်လင့်ချက်မရှိတော့သည့် သူ့ရဲ့ပုံစံကို အတတ်နိုင်ဆုံးထိန်းသိမ်းကာ အမူအရာမပျက်စေဘဲ ဂျောင်ဂုကို ပျော်ရွှင်အောင်ထားသည်။ အပြုံးများကိုသာ အစဉ်မပြတ် မြင်စေ၏။ ဖြစ်လာသည့်အချိန်ကျမှ သိသွားရန်သာရည်ရွယ်ပြီး ကြိုတင်ပူဆွေးရခြင်းအဖြစ်ကို ဂျောင်ဂုအား မခံစားစေချင်ခဲ့ပေ။

အိပ်ရာဝင်ချိန်များတွင် ဝေဝါးပျောက်ကွယ်မတတ်ဖြစ်နေသည့် လက်ချောင်းများကို ဖုံးကွယ်ရင်း ဂျောင်ဂုပြောပြသည့် ‌သူ့ရဲ့တစ်နေ့တာအကြောင်းကို ခေါင်းညိမ့်လို့နားထောင်ပေးမည်။ အမြဲတမ်းပြုံးရယ်နေတတ်သော ဖိုးပြုံးချိုလေးကို ငေးကြည့်နေရခြင်းသည် ထယ်ဟျောင်း၏သောကဒေဝမီးကို တစ်ဝက်မျှငြိမ်းစေနိုင်သည်။

အဲ့ဒီ့အပြုံးလေးတွေသာ သူ့ကြောင့် ပျောက်ကွယ်သွားမယ်ဆိုလျှင် ထယ်ဟျောင်းသည် ဤကမ္ဘာလောကကြီး၌ ကိုယ့်ကိုကိုယ်သာ အမုန်းဆုံးဖြစ်သွားပါလိမ့်မည်။ ဂျောင်ဂု၏မျက်နှာ၌ အပြုံးလေးများအမြဲတည်တံ့နေရေးအတွက် ဘယ်လိုနာကျင်မှုပဲ ကြုံရကြုံရ သူတောင့်ခံနိုင်ပါသည်။

Forget Me Not [ Completed ]Wo Geschichten leben. Entdecke jetzt