22 : Remember Me

1.5K 119 78
                                    

[Unicode]

ထာဝရတည်မယ့် နှောင်ဖွဲ့ခြင်းတွေကြား ကခုန်ကြရအောင်။ ကျွန်တော်တို့ မသိနိုင်တဲ့ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ချစ်ခြင်းတရားကသာ ကျွန်တော်တို့နှစ်ယောက်ကို လက်တွဲမပြုတ်သွားစေဖို့ တာဝန်ယူထားပေးလိမ့်မည်။

အပြာရောင်ပန်းလေး၏ သစ္စာများကို တိုင်တည်ကာ ဒီကမ္ဘာကြီးကို ဖိန့်ဖိန့်တုန်အောင် ချစ်ပြချင်မိရဲ့။ တွေ့ဆုံမှုက ကံကြမ္မာအလိုကျဖြစ်ခဲ့ပေမယ့် မွေးဖွားလာသည့် ချစ်ခြင်းတရားက ကျွန်တော်တို့ရေးဆွဲခဲ့တဲ့ အနုပညာမြောက် ပန်းချီကားချပ်လေးပါ အစ်ကို။

ဒါကြောင့်မို့ အစ်ကို့အမည်နာမကို နှလုံးအိမ်မှာ ထွင်းထုလို့ ထာဝရဆိုသည့် ကန့်သတ်ချက်ကိုကျော်လွန်၍ မြင်းမိုရ်တောင်၏ မြင့်မားခြင်းမျိုးဖြင့် ကမ္ဘာအဆုံးထိ ချစ်ခြင်းတွေကို သယ်ဆောင်သွားချင်မိသည်။

ကျွန်တော် ပြုလုပ်ခဲ့သည့် အမှန်တရား။
ကျွန်တော် ရွေးချယ်ခဲ့သည့် စွန့်လွှတ်မှု။
ကျွန်တော် ဖန်တီးခဲ့သည့် အမှတ်တရများ။
ကျွန်တော် ပျိုးထောင်ခဲ့သည့် ချစ်ခြင်းတရား။

အရာအားလုံးကို မှတ်ဉာဏ်ထဲ စွဲမြဲထင်ကျန်စေလို့ အစ်ကို့တစ်ယောက်ကိုသာ ပုံအပ်သွားပါ့မယ်။ အစ်ကို ကြိုးစားရမည်မှာ ဘာတွေပဲကြုံလာခဲ့ သံသရာအဆုံးထိ ကျွန်တော်ဆိုသည့် ပန်းလေးတစ်ပွင့်ကို မမေ့ဖျောက်ပစ်လိုက်ဖို့ပါပဲ။

ကျွန်တော် အတ္တကြီးတယ် အစ်ကို။ ကျွန်တော် ချစ်သလောက် အစ်ကို ချစ်ရမယ်။ ကျွန်တော် တန်ဖိုးထားသလောက် အစ်ကိုလည်း ကျွန်တော့်ကို မြတ်နိုးရမယ်။ ကျွန်တော့်နှလုံးအိမ်မှာ အစ်ကို့ရဲ့အမည်နာမ ကမ္ဗျည်းတင်နေသ၍ အစ်ကိုကလည်း ကျွန်တော့်ကို အမှတ်ရပေးနေရလိမ့်မယ်။

ဒါက ဘုရားသခင်ချမှတ်ပေးခဲ့တဲ့ အစ်ကို့ရဲ့ကံကြမ္မာမို့ အစ်ကို ဘယ်အရပ်ဆီပဲရောက်ရောက် အစ်ကို့ရဲ့နှလုံးသားကတော့ ကျွန်တော့်ကို တမ်းတနေမှဖြစ်လိမ့်မယ် အစ်ကို ။

Forget Me Not

" ဘာလုပ်နေတာလဲ "

" အိပ်လို့မပျော်ဘူးလား "

Forget Me Not [ Completed ]Donde viven las historias. Descúbrelo ahora