[Unicode]
မှန်ရှေ့တွင် ရပ်လျက် နေနေသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ထယ်ဟျောင်းသည် မှန်ရှေ့မှ တစ်ဖဝါးပင်ခွာဖို့ စိတ်ကူးမရှိပါ။ အမြင်မှားတာ ဟုတ် မဟုတ် သိရဖို့ စစ်ဆေးဖို့လိုတယ်မလား။
နေ့လယ်က ဂျောင်ဂု အမှိုက်သွားပစ်သည့်အချိန်တွင် ထယ်ဟျောင်းသည် တံခါးကိုဖုန်သုတ်ပြီး၍ မှန်ကြည်ဆေးရည်နှင့် အဝတ်စကို ဧည့်ခန်းထဲက စားပွဲပေါ်မှာ ချလိုက်ကာ ပြုံးနေမိသည်။ ဝိညာဉ်ဆိုပေမယ့် ဂျောင်ဂုကို ဒီလိုလေးတွေ ကူညီခွင့်ရတာလည်း သူ့အတွက်တော့ နည်းသည့် ကံကောင်းခြင်းမဟုတ်ပါလား။
သာမန်တွေ့ဆုံခြင်းမဟုတ်ခဲ့ပေမယ့် သာမန်လူတွေလိုမျိုး ၊ သာမန်စုံတွဲတွေလိုမျိုးတော့ သူတို့က ပြုမူနေနိုင်သေးတာပဲ မဟုတ်ဘူးလား။ ဂျောင်ဂုနှင့် ဟိုးအရင်ကတည်းကတွေ့ခဲ့လျှင် ကောင်းမည်ဟု စဉ်းစားမိခဲ့ပေမယ့် တွေ့ချိန်တန်မှတွေ့တဲ့ကံကိုတော့ သူအပြစ်ပုံမချချင်တော့ပါ။
အိပ်ခန်းထဲမှ ဝုန်းဆိုသည့်အသံကြားလိုက်ရ၍ ထယ်ဟျောင်းတစ်ချက်ပင်လန့်သွားမိသည်။ အမြန်ပင် အိပ်ခန်းဘက်လျှောက်သွားမိသည့်အခါ အဝတ်ဗီဒိုပေါ်ရှိ စက္ကူဗုံးတစ်ခုက ပြုတ်ကျနေခြင်းဖြစ်၏။ သူအနားသို့ သွားလိုက်သည့်အခါတွင် ဗီဒိုပေါ်မှ ကြွက်သံကိုကြားလိုက်ရသည်။ ဂျောင်ဂုပြန်လာရင် ကြွက်တွေရှင်းဖို့ ပြောဦးမှပါ။
စက္ကူဗုံးကို ဗီဒိုပေါ်သို့ နဂိုမူလအတိုင်း ပြန်ထားပေးရန် မ,လိုက်သည့်အခါတွင် သူ့ရဲ့လက်သည် စက္ကူဗုံးထဲသို့ ဖောက်ဝင်သွား၏။ ထယ်ဟျောင်း သက်ပြင်းတစ်ချက်ချမိသည်။
တစ်လဆိုသည့်အချိန်က တကယ်တော့ တိုတောင်းလွန်းတယ်မလား။ အကောင်းဘက်ကတွေးမယ်ဆိုလျှင်တော့ သူ့ခန္ဓာကိုယ်ထဲပြန်ဝင်သွားနိုင်တာဖြစ်နိုင်ပေမယ့် တကယ်လို့ မဝင်နိုင်ခဲ့ရင်ရော ...?
အာရုံစူးစိုက်ကာ စိတ်ကိုနစ်ပြီး စက္ကူဗုံးကို ပြန်ထိကိုင်လိုက်သည့်အခါတွင် ကိုင်လို့ရသွားသည့်အတွက် ပြုံးတောင်ပြုံးမိသွားသည်။ နေရာတကျပြန်ထားပေးပြီး ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေ အံ့ဩမှုကြောင့် ပြူးကျယ်ရသည်။

BINABASA MO ANG
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )