17 : Fear

1.1K 120 62
                                    

[Unicode]

နားရက်များကုန်လွန်လို့ အလုပ်ပြန်ဆင်းရသည့်မနက်ခင်းသည် ဂျောင်ဂုအတွက် လွယ်ကူမနေလှပါ။ တနင်္လာနေ့မနက်ခင်းသည် အလုပ်သမားများအဖို့ အကျည်းတန်သည်။ ကျောင်းသားများအဖို့ မလှပပေ။ အားလပ်ရက်များရထား၍လည်း ဂျောင်ဂုတစ်ယောက်တော့ အပျင်းကြီးပျင်းလို့နေပြီ။

အိမ်တံခါးကို လေးတိလေးကန်ဆွဲ၍ဖွင့်လိုက်သည့်အခါ အိမ်ရှေ့ဝရန်တာလက်ရန်းတွင် လက်နှစ်ဖက်ထောက်ကာ အောက်ကိုငေးနေသည့် ထယ်ဟျောင်း၏ကျောပြင်ကျယ်ကို တွေ့လိုက်ရသည်။ ဂျောင်ဂု နှာခေါင်းလေးတစ်ချက်ရှုံ့မိသည်။ တံခါးကိုလည်း ဝုန်းခနဲမြည်အောင် ဆောင့်ပိတ်ပစ်လိုက်သည်။

ခြေလှမ်းကျဲများဖြင့် ထွက်သွားပြီးမှ လှေကားအရင်းရောက်သည့်အခါတွင် ထယ်ဟျောင်းဘက်သို့ တစ်ချက်ပြန်ငဲ့ကြည့်သည်။ အတွေးထဲမျောလွင့်နေပုံရသည့် ထယ်ဟျောင်းသည် သူ့ကိုလှည့်တောင်မကြည့်ပါပေ။ ထိုကြောင့် ချောင်းတစ်ချက်ဟန့်ကာ အသံစာစာလေးဖြင့် အော်ကာပြောလိုက်သည်။

" ကျွန်တော် သွားပြီနော် "

" အော "

ခေါင်းလေးတောင်ယိမ်းယိုင်မသွားဘဲ ‌တစ်လုံးတည်းသောအဖြေကို ကြားလိုက်ရ၍ ဂျောင်ဂု၏မျက်ခုံးလေးတွန့်သွားပါသည်။ ယခင်တစ်ခေါက်ကထက် ပိုကျယ်သော အသံလေးနှင့်ထပ်၍ ဆိုတော့သည်။

" ကျွန်တော် တကယ် သွားပြီနော် "

" အော "

ဒီတစ်ခါတွင်တော့ ဂျောင်ဂုသည် နှုတ်ခမ်းလေးစူသွားပြီဖြစ်သည်။ အရင်နေ့တွေ၌ သူ့နားကော်လိုလိုက်ကပ်နေတတ်သည့် ထယ်ဟျောင်းသည် သူအိပ်ရာနိုးတည်းက သူ့ဘေးတွင်မရှိသည့်အပြင် ယခုအလုပ်သွားမလို့ နှုတ်ဆက်နေသည်ကိုတောင် ဂရုမစိုက်သည့်အတွက် သူ တကယ် အလိုမကျတော့ပါလေ။

လှေကားထစ်များကို တဒုန်းဒုန်းနင်းချနေသည့် သူသည် ထယ်ဟျောင်းဆီမှအာရုံစူးစိုက်မှုကို လိုချင်နေခြင်းသာဖြစ်သည်။ လမ်းမကိုရောက်သည့်အခါတွင်လည်း ထယ်ဟျောင်းဆီသို့သာ စိတ်များရောက်နေခဲ့ပြီး အိမ်ပိုင်ရှင်အန်တီမိုလန်းမှ ခါးလှည့်ကွင်းလှည့်ရင်း ပြုံးပြနေသည်ကိုတောင် မမြင်ပါချေ။ ဇတ်တောက်ဇတ်တောက်နှင့်ထွက်သွားသည့်ကောင်လေးကို ကြည့်ပြီး အန်တီမိုလန်း၏ပြုံးနေသည့်မျက်နှာတောင် မအီမလည်ဖြစ်သွားရသည်။

Forget Me Not [ Completed ]Where stories live. Discover now