[Unicode]
မိုးရေထဲမှာ ကျွန်တော်ပြေးနေသည်။ ဘယ်ဆီကိုမှန်း ကျွန်တော်မသိပါ။ ခြေဦးတည့်ရာပြေးနေမိသည်က အစ်ကို့ကို တွေ့ဖို့တစ်ခုတည်းသာ။ မိုးရေကြားထဲ အလောတကြီးပြေးနေသည့် ကျွန်တော့်ကိုယ်က အေးစက်နေသော်လည်း မောဟိုက်လွန်းလို့ ဇောချွေးများပြန်နေသည်။ ရင်အစုံဟာလည်း အလွန့်အလွန်ကို ပူလောင်လွန်းလှသည်။ အခုအချိန်မှာ ကျွန်တော့်အာရုံထဲ အစ်ကိုကလွဲ ဘာမှရှိမနေဘူး။
ကိုယ့်ကိုကိုယ်တောင်မသိလိုက်ခင် ရောက်လာသည်က ကျွန်တော့်အိမ်ရှေ့ကိုပင်။ လှေကားထစ်တွေပေါ် တက်လာသည့်ခြေလှမ်းများက မြန်ဆန်လွန်းစွာ။ အိမ်တံခါးကိုဖွင့်ကာ ရေစိုလက်စနှင့် ကျွန်တော်ဟာ ဖိနပ်ပင် မချွတ်နိုင် တစ်ခန်းဝင်တစ်ခန်းထွက် ဖြစ်နေခဲ့သည်။
" အစ်ကို! "
" အိမ်ပြန်ရောက်နေတာလား? "
" အစ်ကိုထယ်ဟျောင်း! "
" အစ်ကို! ကျွန်တော်ပြန်ရောက်ပြီလေ "
" အစ်ကို!! "
ရှာနေသောသူဟာ ရှိမနေသည့်အခါ ထိုလူကိုတွေ့ရမည်ဆိုသည့်ဇောနှင့် တင်းခံခဲ့သမျှကို လွှတ်ချပစ်လိုက်သလို ကြမ်းပြင်ပေါ်ထိုင်လျက်သားကျသည်။
" ဘယ်ရောက်သွားတာလဲ အစ်ကို "
" တစ်ယောက်တည်းနေချင်တယ်လို့ပြောခဲ့တာ ကျွန်တော့်စိတ်ရင်းမဟုတ်ပါဘူး ဟင့် "
ရှိုက်သံတိုးတိုးလေးထွက်လာသည်အထိ ကျွန်တော်ငိုနေခဲ့မိသည်။ ဒဏ်ရာပေါ် ဒဏ်ရာဆင့်သလိုမျိုး ကျွန်တော်သိပ်ကိုနာကျင်လွန်းလှပြီ။
မိုးဟာတိတ်သွားခဲ့ပြီဖြစ်သည်။ ထိုအတိုင်း ကျွန်တော်ထိုင်နေမိသည်မှာ ဘယ်လောက်ကြာပြီမှန်းမသိ။ လည်ချောင်းတွေဟာ အက်ကွဲလာသည်။ ယိုင်တိုင်တိုင်ဖြင့်ထပြီး ရေခဲသေတ္တာထဲက ရေတစ်ဘူးကို ဆွဲယူကာ မော့ချပစ်လိုက်သည်။ ဒါတောင် ခြောက်ကပ်နေဆဲဖြစ်သည့် အာခေါင်က ကျွန်တော်ဖျားချင်နေပြီဆိုတာကို သတိပေးနေသည်။ ခေါင်းထဲဖျတ်ခနဲသတိရမိသည့် နေရာတစ်ခုကြောင့် သောက်လက်စရေဘူးကို ပစ်ချကာ ရေစိုအဝတ်အစားများကိုလည်း မလဲနိုင်ပဲ အပြေးတပိုင်း အိမ်ထဲက ပြေးထွက်လာမိ၏။ ကျွန်တော် ထပ်ပြီးမပြေးနိုင်တော့တာကြောင့် လမ်းမှာတွေ့သည့် တက္ကစီကိုငှားကာ မျှော်လင့်ချက်များရှိရာဆီသို့သာ။
YOU ARE READING
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )