[Unicode]
" မဟုတ်ဘူးမလား အန်တီလေး ... ဒါ .. ဒါက "
ဆေးမှတ်တမ်းစာရွက်ကို ကိုင်ထားသည့် ဂျောင်ဂုရဲ့လက်ကလေးများက တုန်ယင်စွာ။ မြင်နေရသည့်တိုင် မယုံကြည်နိုင်ခြင်းများစွာနှင့် မေးကြည့်လေတော့ အန်တီလေးဖြစ်သူ၏ဝမ်းနည်းခြင်းမျက်ဝန်းများနှင့်သာဆုံသည့်အခါ ... ပြိုလဲချင်သွားသည့်စိတ်တို့ကို အတတ်နိုင်ဆုံးထိန်းရင်း ဘာမှမဖြစ်သလို သူပြုံးသည်။
" Medical check up ကို ပုံမှန်လုပ်တယ်မဟုတ်ဘူးလား "
" သားလည်းသိတာပဲ ဂျောင်ဂုရာ .. မင်းဦးလေးက ဆေးရုံသွားရမှာ ဘယ်လောက်တောင်ပျင်းလဲဆိုတာ "
" အသက်အရွယ်ရလာပြီမို့ ပုံမှန်စစ်ဆေးခိုင်းခဲ့တာကို နားမထောင်ဘူးပဲ ... မဟုတ်ဘူး ကျွန်တော်ကိုယ်တိုင် ဂရုစိုက်ခဲ့သင့်တာ "
တိမ်ဝင်သွားသည့်အသံနောက် ကိုင်ထားသည့်စာရွက်လေးကို စားပွဲပေါ်ချလိုက်သည်။
" သူက သားကိုမသိစေချင်ဘူး "
" သိတာ ဘယ်လောက်ကြာပြီလဲ "
" ရက်ပိုင်းလောက်ပဲရှိသေးတယ် သား ၊ ဒီနေ့လည်း .. ဒီနေ့လည်း သူ့ကို ဆေးရုံပို့ရတယ် ဒါကြောင့် သူ့ရဲ့ဝေဒနာပိုမဆိုးလာခင် အန်တီလေး ... မင်းကို အသိပေးမှဖြစ်မယ်ထင်လို့ ဂျောင်ဂု "
မျက်ရည်များဝဲကာ တစ်လုံးချင်းအားယူပြောနေသည့် အန်တီလေးကို သူလည်း ကြေကွဲစွာကြည့်သည်။
" သူ့ရှေ့မှာ မသိသလိုပဲ နေပေးနိုင်မလား သား "
" ကျွန်တော်က ဘယ်လိုအင်အားနဲ့.. "
" ကောင်းပါပြီ ကျွန်တော်ပုံမှန်အတိုင်းပဲနေပေးမယ် "
ခယစွာတောင်းဆိုနေသည့် အန်တီလေး၏အကြည့်တွေကြားမှာ ဂျောင်ဂု မခံစားနိုင်စွာပြောလိုက်ပေမယ့် အဲ့လိုနေဖို့ ယုံကြည်ချက်မရှိပါ။
" အခုရော ဘယ်လိုနေသေးလဲ "
" ဆေးအရှိန်ကြောင့် အနာသက်သာပြီး အိပ်ပျော်နေတယ် ၊ သား ဝင်ကြည့်သွားဦးလေ "
" ဟင့်အင်း ကျွန်တော်မကြည့်တော့ပါဘူး ၊ အချိန်မရှိတော့တာမို့ ပြန်တော့မယ် အန်တီလေး "
![](https://img.wattpad.com/cover/285652153-288-k160255.jpg)
ESTÁS LEYENDO
Forget Me Not [ Completed ]
FanficLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )