[Unicode]
ရေစက် ... နေ့စဉ်ဘဝစာမျက်နှာမှာ လူတစ်ယောက်ပိုလာရုံကလွဲ ရေစက်ဆိုတာ ဘာထူးခြားတာများ ရှိသေးလဲ။ အဲ့ဒီ့လူယူဆောင်လာသည့် အပူအအေး အစုံအလင်ကိုပါ ကိုယ်ဟာ မျှဝေခံစားပေးရဦးမည်။
သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းမှာ ပါဝင်လာပြီဆိုလျှင် သူတို့နှင့်ပတ်သက်ပြီး ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုဟာလည်း တစ်ပါတည်း ဒွန်တွဲပြီး ရောက်ရှိလာတာပဲလေ။ ကျွန်တော်ဆုတောင်းပါတယ်။ ခင်ဗျားကတော့ ဝမ်းနည်းမှုတွေမယူဆောင်လာပါစေနဲ့လို့ ။
Forget Me Not
" ခင်ဗျားက ဝိညာဉ်တောင်မှ ရူးနေတဲ့ ဝိညာဉ်ပဲ "
ဂျောင်ဂု ထိုမျှသာပြောကာ လှည့်ထွက်ခဲ့သည်။ ဒါတောင် အိမ်ရှေ့အထိပါလာသည့် ထိုဝိညာဉ်ကြောင့် သူ တကယ် စိတ်ပေါက်လာပြီ။ ဂျောင်ဂုဟာ နှစ်ထပ်တိုက်၏ ခေါင်မိုးထပ်လေးကို ငှားနေသူဖြစ်သည်။ အောက်ထပ်တွင် အိမ်ရှင်လင်မယားဟာနေပြီး အေးအေးချမ်းချမ်းပင်။ သူ့ကိုလည်း တစ်ယောက်တည်းနေသည့် ရိုးသားကြိုးစားသော လူငယ်လေးဆိုပြီး ငှားထားခြင်းဖြစ်သည်။ ခေါင်မိုးထပ်သို့တက်ရာ လှေကားလေးလည်းရှိ၏။ ထိုလှေကားအရှေ့သို့ရောက်သော် ဂျောင်ဂုဟာ အနောက်သို့ တစ်ဖန် ပြန်လှည့်ကြည့်ကာ
" ကျွန်တော့်အိမ်ရောက်နေပြီ ဘယ်အထိ ဆက်လိုက်နေမှာလဲ? ခင်ဗျားပြန်တော့ "
" ဒါ မင်းအိမ်လား ဝိုးး မင်းက ခေါင်မိုးထပ်မှာနေတာပေါ့ "
သူ့ကိုကျော်ကာ လှေကားပေါ်တက်သွားသည့် အဲ့ဒီ့ဝိညာဉ်ကြောင့် ခေါင်းမွှေးတွေတောင် ထောင်ကုန်သလိုပင် ခံစားလိုက်ရသည်။ အိမ်တံခါးရှေ့ရောက်နေပြီဖြစ်သည့် ထယ်ဟျောင်းနောက်ကို ဂျောင်ဂုက အလျင်အမြန်ပင်ပြေးလိုက်ပြီး တံခါးနှင့် ထယ်ဟျောင်းအကြားကို လေအလျင်နှင့်ဝင်လိုက်ကာ တံခါးကို သူ့ကျောဖြင့်ဖိကပ်ထားလိုက်သည်။
" ဘာလုပ်တာလဲ "
" ဘာလုပ်ရမှာလဲ၊ အိမ်ထဲဝင်မို့လေ "

YOU ARE READING
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )