[Unicode]
ခြေသံဖွဖွလေးကို နားထဲသဲ့သဲ့လေးကြားမိသော်လည်း မျက်လုံးတို့ကိုမဖွင့်မိ။ မျက်နှာထက် ရိုက်ခတ်လာတဲ့ အသက်ရှူငွေ့နွေးနွေးလေးကြောင့် နီးကပ်လာမှုကို ခံစားမိ၏။
" တော်တော်လေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာပဲ "
စကားသံခပ်တိုတိုးလေးအဆုံးမှာ သူ့ပါးပြင်ထက် ရောက်ရှိလာတဲ့ လက်ချောင်းလေးရဲ့ ခပ်ဖွဖွ အထိအတွေ့။ မျက်လုံးတို့ကို ဆတ်ခနဲဖွင့်ကြည့်လိုက်စဉ် အံ့ဩမှုမျက်ဝန်းဝိုင်းဝိုင်းလေးတွေကို ဦးစွာတွေ့လိုက်ရသည်။
" ဘာလုပ်နေတာလဲ "
ထယ်ဟျောင်းက သူ့ပါးပြင်ထက်မှ ဂျောင်ဂုရဲ့ လက်ကလေးကို ညင်ညင်သာသာလေးကိုင်ပြီး ဆွဲဖယ်ကာ မေးလိုက်သည်။ သူ့ရဲ့အကြည့်တို့ဟာ ဂျောင်ဂုရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဆီမှာပဲ။ နှစ်ယောက်သားရဲ့အကြည့်တွေဟာ သံလိုက်သဖွယ် ဆွဲငင်လို့နေတယ်။
" ဟို အစ်ကိုအိပ်နေတယ်ထင်တာ "
ထယ်ဟျောင်းအုပ်ကိုင်ထားတဲ့ သူ့လက်ကလေးကို ရုန်းကာ ဂျောင်ဂုက ဖြေလာတော့ သံလိုက်အကြည့်စက်ကွင်းထဲမှ ထယ်ဟျောင်းက အရင်ရုန်းထွက်လိုက်တယ်။ ထိုအခါမှ ဂျောင်ဂုဟာလည်း ဆိုဖာနားငုတ်တုတ်ထိုင်နေရာမှ ထရပ်လိုက်ရင်း မီးဖိုခန်းထဲဝင်သွားတော့သည်။
ဆိုဖာပေါ်ထထိုင်ရင်း အပျင်းကျောဆန့်နေသော ထယ်ဟျောင်း၏နှာသီးဖျားသို့ ခေါက်ဆွဲပြုတ်နံ့လေးက တငွေ့ငွေ့ကြည်စယ်လို့လာတဲ့အခါ မစားရ အညှော်ခံဆိုသလို အနံ့ရှိရာဆီကို ခြေထောက်တွေက ဦးတည်နေပြီးသား။ ထမင်းစားခန်းဝရောက်တော့ ကုပ်ကုပ် ကုပ်ကုပ်နှင့် ခေါက်ဆွဲပြုတ်နေတဲ့ ဂျောင်ဂုကို မြင်လိုက်ရသည်။ ကျောပြင်ငယ်ကို ခေတ္တမျှ ထယ်ဟျောင်းက စိုက်ကြည့်နေပါ၏။ မကြာလိုက်ပါ၊ အငွေ့တထောင်းထောင်းနှင့် ခေါက်ဆွဲအိုးကို စားပွဲပေါ်ချလိုက်တဲ့ ဂျောင်ဂုက အခုမှ သူ့ကိုမြင်ဟန် တစ်ချက်ကြည့်လာတယ်။ ပြီးမှ ခုံမှာထိုင်ကာ ခေါက်ဆွဲကို အားရပါးရစားနေသည်။
" မနက်အစောကြီးကို ခေါက်ဆွဲပြုတ်က သိပ်အဆင်မပြေဘူးထင်တယ် "
![](https://img.wattpad.com/cover/285652153-288-k160255.jpg)
DU LIEST GERADE
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )