20 : from Beauty to Sorrow

1K 121 67
                                    

[Unicode]

ကြီးစိုးသွားသော စိတ်၏အမှောင်ထုသည် မည်သည့်အလင်းမှ မထိုးဖောက်နိုင်သည်အထိ ထူထဲလွန်းသည်။ တုံ့ပြန်မှုတစ်စုံတစ်ရာ ကင်းမဲ့နေသည့် မျက်ဝန်းညိုများကြောင့် ဂျောင်ဂု၏ရင်ထဲ ပို၍ တင်းကြပ်လာသည်။

မှုန်ရီသွားလိုက် ပေါ်လာလိုက်နှင့် တစ်ချက် တစ်ချက်တွင် ငါးစက္ကန့်လောက်ကြာသည်အထိ ပြန်၍ မပေါ်လာတတ်ဘဲ လုံးလုံးပျောက်ကွယ်သွားတော့မလို ဖြစ်နေသည့် လက်တစ်ဖက်ကို ဂျောင်ဂုသည် ကြိတ်မှိတ်၍ အကြည့်လွှဲလိုက်သည်။ ထိုလက်ကို ခန္ဓာကိုယ်အနောက်ဘက်သို့ပို့ကာ သူ့ကို မမြင်စေရန် ဖွက်လိုက်သည့် ထယ်ဟျောင်းကြောင့်ပင် အသက်ရှူတွေမှားချင်လာသည်။

သူ့ကို ဖုံးကွယ်ထားချင်နေတာ။ ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ပါစေ ဂျောင်ဂုသည် စိတ်မကောင်းဖြစ်သွားမိသည်။ ထယ်ဟျောင်းနှင့် ဝေးကွာသွားသလို ခံစားမိလိုက်ခြင်းကြောင့်ဖြစ်၏။ သူ ရိပ်မိနေတာ ကြာခဲ့ပြီ။ အတူနေ အတူစား အတူသွား အတူလာ ဖြစ်နေသည့်လူကို ဘယ်လောက်အထိ ဖုံးကွယ်ထားနိုင်မှာမို့လို့လဲ။

ပထမဆုံးတစ်ခေါက်တွင် အမြင်မှားသည်ဟု ထင်ခဲ့မိသည်။ ဒုတိယအကြိမ်တွင် တိုက်ဆိုင်တာပါဟု မှတ်ယူခဲ့သည်။ တတိယ‌မြောက်တွင် ဝိညာဉ်များ၌ ဖြစ်လေ့ဖြစ်ထရှိသည့်အရာလို့ပဲ စိတ်ထဲတွေးခဲ့၏။ ထိုထက်ကျော်လွန်၍ အကြိမ်ဖန်များစွာ မြင်ရန်အကြောင်းဖန်လာသည့်အခါ အတွေးများ ဇောက်ထိုးပြောင်းပြန်ဖြစ်ကုန်ကြသည်။

နှုတ်ခမ်းကပြုံးနေပေမယ့် တောက်ပ‌မနေသည့် အစ်ကို့ရဲ့ မျက်ဝန်းတွေ။ ပျော်ပျော်နေတတ်သည့်အစ်ကိုက တိတ်ဆိတ်လာခဲ့ခြင်းကို အစ်ကို့ရဲ့ပုံစံတစ်မျိုးလို့ပဲ သူ ထင်ခဲ့မိပေမယ့် ထိုသို့ဖြစ်နေခြင်းသည် မူပိုင်ဟုတ်မနေခဲ့ဘဲ စိတ်ဖိစီးစရာကိစ္စများကြောင့်ဟု ပြောင်းလဲတွေးခေါ်လာမိသည့်အခါ

ထယ်ဟျောင်း၏အပြုအမူတွေနှင့် သူ့ရဲ့ ထင်မြင်ချက်များသည် ပုံစံတူနေခဲ့လေတော့ ဂျောင်ဂုကို စိုးရိမ်မှုတွေက အချိန်နှင့်တပြေးညီ နှိပ်စက်လာခဲ့သည်။

Forget Me Not [ Completed ]Where stories live. Discover now