[Unicode]
ရွေးချယ်မှုတိုင်းမှာ စွန့်လွှတ်မှုဆိုတာလည်း ရှိတယ်။ ရွေးချယ်လိုက်သည့် အရာက တန်ဖိုးကြီးလေ၊ စွန့်လွှတ်ရမည့် အရာကလည်း အဖိုးတန်လေပဲ။
အကယ်၍ ထပ်တူညီသည့် ရွေးချယ်မှုမျိုး အနာဂတ်မှာ ကြုံလာရဦးမည်ဆိုပါလျှင်
အကယ်၍ အတိတ်ကိုပြန်ရောက်ခဲ့ပြီး ဒီ ရွေးချယ်မှုကိုပဲ တစ်ဖန်ပြန်လုပ်ရဦးမည်ဆိုပါလျှင်
နောင်တဆိုတာ ရှိလာခဲ့လည်း ကျွန်တော့်ရဲ့ရွေးချယ်မှုဟာ အစ်ကိုပဲ ဖြစ်နေဦးမှာပါ ။
Forget Me Not
တစ်စုံတစ်ယောက်ရဲ့ အပြုံးက ကျွန်တော့်အတွက် ဒီလောက်အထိအရေးပါမည်မှန်းမသိရခဲ့ပါ။ ခပ်ရေးရေးပြုံးပြနေသည့် အစ်ကိုထယ်ဟျောင်းဟာ ကျွန်တော့်မျက်လုံးထဲ သိပ်ကြည့်ကောင်းတယ်။ အဲ့ဒီ့နေ့ကလည်း ကျွန်တော့်ကို ဒီလိုမျိုး ပြုံးပြနေခဲ့တာပဲ။ ချက်ချင်း မမှတ်မိခဲ့သည့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိသည်။ ဒီလိုအပြုံးမျိုးကိုလည်း နောက်တစ်ကြိမ် ဘယ်တော့မှ မမေ့ပစ်ပါဘူးဟု တစ်ယောက်တည်း ကတိပေးမိပါရဲ့။
" မင်း ခွင့်မပြုလည်း ငါက မင်းအိမ်မှာနေဖို့ ဆုံးဖြတ်ထားပြီးသား "
ခပ်ပြုံးပြုံးဖြစ်နေရာမှ ဂျောင်ဂုရဲ့မျက်နှာလေးက အနည်းငယ်ဆူပုတ်ပုတ် ဖြစ်သွားတော့တယ်။ စေတနာထားလို့ကို မရတဲ့ ဝိညာဉ်။ ပြောလိုက်ရင် ရိုက်ပေါက်တွေကြီးပဲ။ လူ့ဘဝမှာလည်း လူမုန်းများခဲ့လောက်တယ်။
"အလကား ဝိညာဉ်ဂွစာကြီး! "
" ဘာရယ် "
စိတ်ထဲတွင် ပြောနေသည့်စကားလုံးတွေဟာ ပါးစပ်ကပါ ထွက်ကျလာသည့်အခါ ဂျောင်ဂုက ပါးစပ်ကို လက်ကလေးနဲ့ အုပ်လိုက်ပြီး
" ဘာလဲ! ဘာပြောလို့လဲ? ဝါးး ကြယ်တွေတော်တော်လှတာပဲ "
ဘာလဲ ဆိုတာကို ခပ်မြန်မြန်လေး ၊ ဘာပြောလို့လဲ ဆိုတာကိုတော့ မျက်လုံးလေးပြူးကာ ပြောပြီးမှ ကောင်ကင်ကြီးကိုမော့ကြည့်ပြီး အရှက်ပြေပြောလာလေတယ်။
ESTÁS LEYENDO
Forget Me Not [ Completed ]
FanficLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )