11 : Timing

1.4K 163 47
                                        

[Unicode]

နွေ ... ပူပြင်းလှသည့် နွေ။ သိမ်မွေ့လှသည့်နွေ။ အလွမ်းတေးရဲ့ပန်းချီတို့ ထင်ဟပ်နေသည့် နွေ။ နွေရာသီနေ့လည်ခင်းတစ်ခု၏ နေအပူရှိန်သည် ချွေးပြိုက်ပြိုက်ကျစေသည်အထိ စွမ်းဆောင်နိုင်သည်။ ကောင်းကင်တွင် တိမ်ပကတိကင်းစင်လျက် နေရောင်ခြည်သည် ကမ္ဘာမြေကြီးဆီတိုက်ရိုက်ကျရောက်လေသည့်အခါ ဘယ်လောက်အထိပူမည်ဆိုသည်ကို ပြောစရာလိုမည်မထင်ပါ။

နေပူကျဲတဲ ဆိုးလ်မြို့လယ်ခေါင်တွင် ဂျောင်ဂုသည် လက်ထဲတွင် အလုပ်လျှောက်ရာ၌လိုအပ်သည့် စာရွက်စာတမ်းများကိုင်ကာ လမ်းလျှောက်နေသည်။ ခေါင်းပေါ်မှသည် နားထင်ကိုဖြတ်၍ ချွေးတစ်ချိူ့တစ်စစီးဆင်းလာလေတော့ သူသည် လက်ဖြင့်ဖိသုတ်လိုက်၏။ အလုပ်ရှာရသည့်ဒုက္ခကို ကောင်းကောင်းကြီး ပြန်ခံစားနေရပြီဖြစ်သည်။ အရင်အလုပ်တွင်ဆိုလျှင် အဲယားကွန်းခန်းလေးထဲ အေးအေးဆေးဆေးအလုပ်လုပ်နေရလောက်ပြီ။ ပြန်သွားချင်သည့်စိတ်တို့ရှိမနေပေမယ့် အချိန်ကြာမြင့်စွာ လုပ်ခဲ့ဖူးသည့်နေရာဖြစ်ရာ တမ်းတမိခြင်းတော့ရှိ၏။

Email ဖြင့် form တင်ထားသည်နှင့်တင်မလုံလောက်၍ အခုလို လူလုံးထွက်၍ လိုက်ရှာနေရခြင်းဖြစ်သည်။ မဆိုးဘူးဟုတော့ ပြော၍ရသည်။ ကုမ္ပဏီသုံးခုတွင် form တင်နိုင်ခဲ့သည်။ form က များများတင်ထားနိုင်လေ ကောင်းလေဖြစ်ရာ ‌နောက်ကုမ္ပဏီများဆီ ဆက်ပြီးချီတက်ချင်ပေမယ့် နွေရာသီ၏အပူဒဏ်ကို ဂျောင်ဂုတစ်ယောက် မခံနိုင်ဖြစ်လာတော့သည်။ ချွေးထွက်၍လည်း ပိုအားလျော့လာ၏။ ရေဆာလာ၍ ရှေ့တွင်တွေ့သည့်စတိုးဆိုင်ထဲသို့ ဦးတည်လိုက်သည်။ ဆိုင်ထဲရောက်သည်နှင့် အေးမြသည့်အဲယားကွန်းလေထုကြောင့် အနည်းငယ်အေးသွားရသည်။ ကိုလာတစ်ဗူးယူကာ ဆိုင်အတွင်းရှိစားပွဲတန်းလေးတွင် ဝင်ထိုင်လိုက်ရင်း ‌ကိုလာကိုအေးအေးဆေးဆေးထိုင်သောက်နေလိုက်သည်။

ဂျောင်ဂုသည် ခဏအမောဖြေပြီးမှ အပြင်ဘက်ရှိအပူရှိန်နှင့် တစ်ဖန်ပြန်တိုက်ပွဲဝင်ကာ အိမ်ကိုပြန်လာခဲ့တော့သည်။

" ပြန်ရောက်ပါပြီ ... "

ဂျောင်ဂု၏ ပျင်းရိပျင်းတွဲအားမရှိသည့်အသံထွက်ပေါ်လာသည့်အခါ ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်မှ ထယ်ဟျောင်းသည် လှည့်ကြည့်လေသည်။ အတော်အသင့်ပင်ပန်းနေပုံပေါ်သည့် ဂျောင်ဂုမှာ ရောက်ရောက်ချင်းပဲ အိ‌န္ဒြေမဆည်နိုင် မီးဖိုခန်းထဲ ပြေးပြီး ရေခဲသေတ္တာထဲမှ ရေတစ်ဘူးယူကာ အငမ်းမရသောက်ပြန်သည်။ ထို့နောက် ရေဘူးကိုပါ ယူလာခဲ့ပြီး ဧည့်ခန်းသို့ရောက်လာကာ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။ ထိုအခါ သူအိမ်ထဲဝင်လာသည်မှ ယခုထိုင်လိုက်သည်အထိ မျက်စိဒေါက်ထောက်လိုက်ကြည့်နေခဲ့သော ထယ်ဟျောင်းသည် ပြုံးစစနှင့်စကားဆိုလာခဲ့သည်။

Forget Me Not [ Completed ]Tahanan ng mga kuwento. Tumuklas ngayon