[Unicode]
" စစ်မှန်တဲ့ချစ်ခြင်းကို ကျွန်တော် ဘယ်လိုရှာတွေ့ခဲ့တယ်ထင်လဲ အစ်ကို... "
" ဘယ်မှာမဟုတ်ဘဲ ဘယ်လို? "
" အင်း။ ဘယ်လိုရှာတွေ့ခဲ့တယ်ထင်လဲ "
" ဒါက ကလေးပြောပြမှ ကိုယ်က သိရမှာပေါ့ "
" .....မျက်လုံးကနေတဆင့် "
" ကိုယ့်မျက်လုံးကနေလား... "
" အစ်ကို့ရဲ့မျက်ဝန်းတွေထဲမှာ ထာဝရဆိုတဲ့အရာကို ရှာတွေ့ခဲ့တယ်။ အဲ့ဒီ့ထာဝရဆိုတာ ကျွန်တော် ကိုယ်တိုင်ပဲ။ ကျွန်တော့်ရဲ့ပုံရိပ်၊ အစ်ကို့ရဲ့မျက်ဝန်းတွေထဲမှာ ထင်ဟပ်နေတဲ့ ကျွန်တော့်ရဲ့ပုံရိပ်။ အဲ့ဒီ့ပုံရိပ်က သိပ်ကိုတောက်ပလွန်းနေလို့ ချစ်မိသွားတယ်လေ "
" ဟား .... အခု အဓိပ္ပာယ်နှစ်ခုရှိတဲ့စကားကို ပြောလိုက်တာ သတိထားမိရဲ့လား ဂျောင်ဂု "
" ဘယ်လိုအဓိပ္ပါယ်လဲ.... "
" ပုံရိပ်က သိပ်ကိုတောက်ပလွန်းနေလို့ ချစ်မိသွားတယ် ဟုတ်လား "
" အင်းလေ "
" အဲ့ဒီ့ချစ်မိသွားတယ်ဆိုတာ ကိုယ့်ကိုလား၊ မဟုတ်မှ အဲ့ဒီ့ မင်းရဲ့ပုံရိပ်ကိုလား "
" .....သဝန်တိုနေတာပဲ "
" စကားလမ်းကြောင်းမလွှဲဘဲ ဖြေလိုက်နော် ကလေး "
" ဟုတ်တယ်။ ကျွန်တော့်ရဲ့ပုံရိပ်ကို ကျွန်တော်က ပြန်ချစ်မိသွားတာလေ "
" ဘယ်လို! "
" အစ်ကို့ရဲ့မျက်ဝန်းထဲမှာ ရှင်သန်နေတဲ့ ကျွန်တော့်ရဲ့ပုံရိပ်က ကျွန်တော်မြင်ဖူးသမျှထဲ အလှပဆုံးပဲမို့ ...
တောက်တောက်ပပပြုံးရယ်နေပြီး သိပ်ကိုကြည့်လို့ကောင်းလို့ ...
အဲ့ဒီ့အချိန်မှာ သိလိုက်ရတယ်။ အစ်ကိုက ကျွန်တော့်ရဲ့ကံကြမ္မာဖြစ်ပြီး အစ်ကိုက ကျွန်တော်ရဲ့ အချစ်စစ်ပဲဆိုတာကို.... "
Forget Me Not
အချိန်ဆိုတာ ငြီးငွေ့ခြင်း၏ပေါက်ဖွားခြင်းတစ်မျိုးဖြစ်နိုင်သလို သံယောဇဉ်တွေခိုင်မာမှုနှင့် မေတ္တာတရား၏ အတိမ်အနက်တစ်ခုလည်း ဖြစ်သည်။ ဒါကို ဘယ်လိုသိမြင်နိုင်စွမ်းရှိမလဲဆိုလျှင် သစ္စာတရားနှင့်နားလည်မှုပါ ဝင်ကူညီရမည်လား။

KAMU SEDANG MEMBACA
Forget Me Not [ Completed ]
Fiksi PenggemarLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )