14 : True love & Trust

1.4K 142 70
                                    

[Unicode]

မြတ်နိုးခြင်းများဖြင့် ရေးသီသော ချစ်ခြင်းအလင်္ကာသည် ကြည်နူးစရာကဗျာလေးတစ်ပုဒ်နှယ် ဖတ်ရှုခံစားမိသူတိုင်း၏ရင်ကို စမ်းရေတမျှအေးချမ်းစေသည်။

ဂျောင်ဂုသည် ကော်ဖီပူပူလေးတစ်ခွက်ကို လက်တစ်ဖက်ကကိုင်ထားပြီး ကျန်လက်တစ်ဖက်ကမူ ထယ်ဟျောင်း၏လက်များထဲဆုပ်ကိုင်ထားခြင်းခံရ၏။ ဖြေးဖြေးမှန်မှန်လေးလမ်းလျှောက်လာရင်း လိုရာကိုရောက်သည့်အခါ နှစ်ယောက်စလုံးခြေလှမ်းများကိုရပ်ပစ်လိုက်သည်။

ထယ်ဟျောင်း၏အကြံအတိုင်း ပင်လယ်ပြင်၏မနက်ခင်းနေထွက်အလှကို အတူတူကြည့်ရန် အစောကြီးထကာ လာခဲ့ခြင်းဖြစ်သည်။ မနက်ခင်းဝေလီဝေလင်း မြူမှုန်အနည်းငယ်ရစ်ဆိုင်းနေခြင်းနှင့်အတူ နေလုံးကြီးသည် ပေါ်ထွက်လာခဲ့လေပြီ။ ပင်လယ်လှိုင်းရိုက်ခတ်သံ ၊ အေးမျှသောပင်လယ်လေနုအေးတို့နှင့် လိမ္မော်ရောင်နေမင်းကြီးသည် အသက်ရှူမှားနိုင်စေသည့် အနုပညာတစ်ရပ်သဖွယ်။

" တန်ဖိုးကြီးလွန်းတဲ့ မြင်ကွင်းလေးပဲ .. ဟုတ်တယ်မလား အစ်ကို "

ဂျောင်ဂုသည် လက်ထဲကကော်ဖီလေးကို တစ်ငုံသောက်လိုက်ရင်း ပြောလာသည်။ ထိုအခါ ထယ်ဟျောင်းသည် ဂျောင်ဂု၏မျက်နှာကို ကြည့်လျက်ဆိုလာ၏။

" ဒီမြင်ကွင်းကို ငယ်ငယ်လေးတည်းက ခဏ ခဏ ကြည့်ဖူးပေမယ့် ဒီတစ်ကြိမ်က ပိုလှတယ် "

" ကျွန်တော်နဲ့မို့လို့ လို့ ပြောချင်တာလား "

" ကိုယ့်ကလေးက သိပ်ဉာဏ်ကောင်းတာပဲ "

သဘောတကျရယ်သံလေး ဂျောင်ဂုဆီမှထွက်ပေါ်လာတော့သည်။

" အတည်ပြောတာ ကလေး ... ဒီတစ်ခေါက် နေထွက်တာကိုကြည့်ရတာ ကိုယ့်အတွက်အထူးခြားဆုံးလို ခံစားနေရတယ်။ နောက်ဆုံးအကြိမ်မို့လို့များလား "

" ဟင်? ဘာပြောလိုက်တာလဲ အစ်ကို "

ပြင်းထန်လာသည့် လေတိုးသံကြောင့် ထယ်ဟျောင်း၏စကားသံကို ဂျောင်ဂု ကောင်းကောင်းမကြားလိုက်ရပါ။ ထို့ကြောင့် မေးကြည့်လေသည့်အခါ အဖြေပြန်မရခဲ့ဘဲ ဆွဲဖက်ခြင်းကိုသာ ခံလိုက်ရသည်။

Forget Me Not [ Completed ]Wo Geschichten leben. Entdecke jetzt