18 : Four Fools

1K 110 54
                                    

[Unicode]

အစ်ကိုရော ကြောက်နေလား တဲ့။

ကြောက်တာပေါ့ ကလေး။ မင်းကို ဆုံးရှုံးရမှာ‌ ကြောက်တယ်။ အန္တရာယ်များတဲ့ လောကကြီးမှာ မင်းကို တစ်ယောက်တည်း ချန်ရစ်ခဲ့ရမှာကို သေမတတ် ကြောက်တယ်။ ကိုယ် တစ်ယောက်တည်း ထွက်သွားရမယ်ဆိုတဲ့ အသိကလည်း ကိုယ့်ကို အချိန်ပြည့် ညှင်းပန်းနှိပ်စက်နေခဲ့တာ။

ကိုယ့်ရဲ့ အကြောက်တရားတွေကို မင်းမသိချင်ပါနဲ့။ ကိုယ်တစ်ယောက်တည်း ကြောက်ရွံ့ဖို့ လုံလောက်တယ်။ မင်းရဲ့နေ့ရက်တွေကို စိတ်ပင်ပန်းမှုတွေ မပါဝင်စေချင်ဘူး။ ကိုယ်က မင်းအတွက် အလုံခြုံဆုံးနားခိုရာလေးတစ်ခုပဲ ဖြစ်ပေးချင်တာ။

ကိုယ်တို့နှစ်ယောက် အတူလက်တွဲလို့ လျှောက်ခဲ့တဲ့ လမ်းရဲ့အဆုံးသတ်မှာ ဘယ်လိုအရာနဲ့ပဲ ကြုံလာကြုံလာ ကိုယ် မင်းရဲ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားချင်မိတယ်။ အဲ့ဒီ့လို အခွင့်အရေးလေးသာ ရှိခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အကြောက်တရားတွေအတွက် နှစ်သိမ့်မှုလေးတစ်ခုတော့ ရှိလာပြီပဲပေါ့။

နောက်ဆုံးအချိန်အထိ မင်းရဲ့လက်ကို ဆွဲထားပါရစေ ကလေး ။

Forget Me Not

အဲယားကွန်းလေအေးအေးနှင့် စာရိုက်သံတစ်ချက်ချက်သာ စိုးမိုးထားသော ရုံးခန်းငယ်လေးသည် မပြောင်းမလဲအသက်ဝင်နေသည်။

ဂျောင်ဂုသည် ကွန်ပျူတာကို ကျော်၍ ခေါင်းလေးထောင်ကာ အဖွဲ့မှူး၏စားပွဲကို ချောင်းကြည့်သည်။ အဖွဲ့မှူးဂျောင်ဟိုဆော့သည် မျက်မှောင်ကြီးကြုံ့လျက် ဖိုင်များကို စစ်ဆေးနေ၏။ အရင်နေ့များနှင့်မတူစွာ တမူထူးခြား ဒေါသထွက်နေပုံပေါ်သည့် အဖွဲ့မှူး၏ပုံစံကြောင့် ဂျောင်ဂုအပါအဝင် အဖွဲ့သားများသည် အဖွဲ့မှူးဂျောင်ကို ခိုးကြည့်ခိုးကြည့်လုပ်နေကြသည်။ တိုးတိုး တိုးတိုးနှင့် အတင်းများလည်းပြောနေကြ၏။

" အဖွဲ့မှူးရဲ့ ဒီလိုပုံစံကို ညီမ တစ်ခါမှ မမြင်ဖူးဘူး "

" ငါရောပဲ "

ဘေးစားပွဲမှ ဟိုယွန်းသည် အစ်မဟာယောင်းအား တီးတိုးလေးပြောလိုက်သံကို ဂျောင်ဂုသည် ဖမ်းယူနားစွင့်လိုက်သည်။ သူ့လက်များသည်တော့ ကီးဘုတ်ပေါ်သာ ပြေးလွှားနေ၏။ စီစစ်နေသည့် ပရိုဂရမ်ကို သိမ်းဆည်းလိုက်ကာ ခေါင်းစဉ်တစ်ခုကို အလျင်အမြန်ရိုက်ရှာလိုက်သည်။

Forget Me Not [ Completed ]Wo Geschichten leben. Entdecke jetzt