08 : I still wanna be with you

1.4K 162 58
                                    

[Unicode]

" ချယ်ရီတွေကရော ကျွန်တော်နဲ့အစ်ကို့ရဲ့ ဆက်ဆံရေးကို ပိုမလှပစေနိုင်ဘူးလား "

ကောင်လေးရဲ့မျက်ဝန်းတွေက ပြုံးယောင်သန်းသန်း။ မလွတ်တမ်းငေးကြည့်မိတဲ့အခါ သဘောကျခြင်းတွေပဲ ပိုလာခဲ့သည်။

" ဆက်ဆံရေး? ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတည်တကျအမည်သတ်မှတ်လို့ရလား? ဘယ်လိုမျိုးလဲ? ဝိညာဉ်နဲ့လူ ဒါမှမဟုတ် အိမ်ရှင်နဲ့ဧည့်သည် မဟုတ်သေးဘူး၊ သူငယ်ချင်းလား "

" အစ်ကိုသတ်မှတ်ချင်တဲ့ ဘယ်ဆက်ဆံရေးပဲဖြစ်ဖြစ် "

" အဲ့ဒါတွေ တစ်ခုမှမဟုတ်ဘူးဆိုရင်ရော .. ပိုလှပနိုင်မယ်လို့ ယုံကြည်ရဲ့လား? "

" အစ်ကိုရော ယုံကြည်လား? "

အမေးကို အမေးနဲ့ပဲ ခွန်းတုံ့ပြန်လာတဲ့အခါ ကျွန်တော့်မှာဖြေစရာမရှိခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အချိန်တန်ရင် သက်ဆိုင်ရာကို ထွက်သွားရမယ့်သူပဲလေ။ ဒီကောင်ငယ်လေးအနားမှာ ထာဝရနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်အချိန်မှာ နှလုံးခုန်တာရပ်တန့်နိုင်မလဲမသိရသည့်ကျွန်တော့်အတွက် ပျောက်ကွယ်သွားမည့်နေ့ကို ထိုင်စောင့်နေရုံကလွဲ သံယောဇဉ်တွေ ထပ်ပြီးမတွယ်နေချင်တော့ပေမယ့် တွယ်နေခဲ့ပြီးပြီ။ နှုတ်ဆက်ရမယ့်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။

ကျွန်တော့်အဖြေကိုစောင့်နေသည့် ကောင်လေးရဲ့ မျက်နှာကို ငေးကြည့်နေရင်းမှ မျက်စိထဲ ခပ်စူးစူးဖြစ်နေသည့် အရာလေးဆီ အကြည့်ရောက်မိသည်။ အဲ့ဒါလေးကို ကျွန်တော်တစ်ခုခု လုပ်ပစ်ချင်နေတယ်။ မဆိုင်းမတွပင် အိပ်နေရာကထပြီး နှုတ်ခမ်းနှင့်ဖိကပ်ပစ်လိုက်သည်။ မျက်စိထဲခပ်စူးစူးဖြစ်နေသည်ဆိုတဲ့ ဂျောင်ဂုလည်ပင်းကမှဲ့လေးဆီကို။ တွန့်ခနဲဖြစ်သွားတဲ့ ခန္ဓာကိုယ်လေးကြောင့် ကျွန်တော်ပြုံးမိတယ်။ ဒီကောင်လေးက လူကိုအူယားအောင် သိပ်လုပ်တာပဲ။

" အမှိုက်စ ကပ်နေတယ် ထင်တာ "

ခပ်အေးအေး ကျွန်တော့်အပြောကို မျက်ဝန်းဝိုင်းလေးများနှင့်ကြည့်ပြီး ကျွန်တော်နမ်းလိုက်သည့် မှဲ့လေးရှိရာကို လက်ဖြင့်စမ်းနေသည်။

Forget Me Not [ Completed ]Where stories live. Discover now