" Daddy & Puppy " ( Ep-1 )

5.8K 115 3
                                    

( Uni )

" Daddy & Puppy "

( Ep-1 )

The King ဆိုတဲ့ ကုမ္ပဏီ အပေါက်တွင် BMW အနက်ရောင်ကား အနောက်ပေါက်လေးကို ဖွင့်ကာ သူသခင် Mewအလာကို ဆီကြိုနေတဲ့ Lhong

Lhong ဖွင့်ပေးထားတဲ့ ကားနောက်ခန်းထဲ
Mew၁ယောက်၀င်ထိုင်ပြီး နောက်ကိုမှီချလိုက်ကာ မျက်စိကို စုံမှိတ်ထားမိသည် ဒီနေ့ ကုမ္ပဏီမှာ ပြသာနာ အနည်းငယ်ရှိလာသဖြင့် စိတ်မကြည်မလင်ဖြစ်ကာ မျက်မှောင်လေးကို ကြုံထားပြီး ဘေးပတ်၀န်ကျင်ကို ငေးနေမိသည်

"Boss အလုပ်မှာ အဆင်မပြေတာ ရှိလားလို့လား"

Lhong ကားလေးကိုမောင်းရင်း မှန်ကနေတစ်ဆင့် သူသခင်ကို အကဲခပ်ကြည့်မိတော့ မျက်မှောင်ကြီးကြုံကာ ထိုင်နေတဲ့ Mewကို အလုပ်မှာ အဆင်မပြေတာ ရှိလာသလားဆိုတဲ့ အထင်နဲ့မေးလိုက်သည်

"အွန်း"

Mewလဲ Lhongအမေးကို အွန်းဆိုတဲ့၁လုံးသား ဖြေပြီး ကားမှန်ကနေ တစ်ဆင့်ဘေးပတ်၀န်းကျင်ကိုသာ ငေးကြည့်နေမိသည်

ကားလေးက ၁လှိမ့်လှိမ့်မောင်းရင်း လမ်း၁၀က်မှာ မိုးကဆိုင်မဆင့်ဗုံမဆင့် သည်းသည်းမဲမဲစွာ ရွာချလာသည် Mewလဲ သူစိတ်ကို ထိုမိုးရေများနဲ့ လွှင့်ထားမိသည်

"ကြှီးးးးးးးးး"

"Lhong ဘာဖြစ်တာလဲ"

Lhongရဲ့ ကားဘရိတ်အုပ်သံက မိုးရေများနဲ့ ချောကာ အသံကာ ကျယ်သွားသည် Mewလဲ ထိုအသံကြောင့် စိတ်လွှင့်နေရာကနေ ဘရိပ်စောင့်အုပ်လိုက်တဲ့ Lhongကို ဒေါသသံပါပါဖြင့် မေးလိုက်သည်

"Boss ရှေ့မှာ မိန်းမ၁ယောက် လမ်းပိတ်ရပ်နေလို့ ဆင်းကြည့်လိုက်ရမလား Boss"

Lhong ဒေါသထွက်နေတဲ့ Mewကိုလှည့်ကြည့်ကာ မျက်နာငယ်လေးနဲ့ ပြောလိုက်သည်

"ဆင်းကြည့်လိုက်ကွာ ကားရှေ့ပိတ်ရပ်နေရအောင် သေချင်နေလား မသိဘူး သွားမြန်မြန်"

"ဟုတ် ဟုတ် Boss"

Lhong Mewပြောတာကို ခေါင်းလေးညိမ့်ပြီး ကားတံခါးဖွင့်ကာ ထိုမိန်းမဆီ အပြေးလေး သွားလိုက်သည်

Mew ကားနောက်ခန်းထဲကနေ Lhongရဲ့ အခြေအနေကို အကဲခပ်ကြည့်တော့ မိန်းမကြီးက Lhongကို လက်အုပ်ချီကာ တောင်းပန်သလို တောင်းဆိုသလို သဘောနဲ့ ပြောနေသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now