" Daddy & Puppy " ( Ep-9 )

1K 61 2
                                    

( Uni )

" Daddy & Puppy "

( Ep-9 )

"ဆောင်း Boss သေနပ်ထိလားလို့ ဒေါက်တာသက်ချိုကို အမြန်သွားခေါ်ခဲ့ လိုအပ်တာတွေလဲ ယူခဲ့ဖို့ ပြောခဲ့လိုက် "

"ဟုတ် P'Lhong"

"သွား မြနိမြန်လေး"

Lhong ခြံ၀က တံခါးလာဖွင့်ပေးတဲ့ ဆောင်းကို Orderလုပ်ကာ သက်ချိုကို အခေါ်လွှတ်လိုက်သည်

ဆောင်းလဲ Lhongစကားကို ခေါင်းလေးညိမ့်ပြကာ အပြေးလေးသွားလိုက်သည်

"ဟယ် သားMew လက်မှာလဲ သွေးတွေနဲ့ ဘာဖြစ်လာတာလဲ"

ကြီးမယ် ကားလေးခြံထဲ၀င်လာတာ တွေ့ရင်း အပေါက်မှာ Mewကို ဆီကြိုဖို့ စောင့်နေရင်း Mewကို သွေးသံရဲရဲဖြင့် မြင်လိုက်တာကြောင့် မျက်လုံးလေး ပြူးကာ အ့သြသင့်စွာ မေးလိုက်သည်

"ကြီးမယ် ကျွန်တော်နောက်မှ ပြောပြမယ် ခု Bossကို အခန်းထဲအရင်ခေါ်သွားလိုက်ဦးမယ်"

ကြီးမယ် အမေးကို Lhongပြန်မဖြေအားတာကြောင့် စကားကိုခပ်သွက်သွက်ပြောကာ Mewကိုတွဲခေါ်ကာ အိမ်ပေါ်ထပ် တက်သွားသည်

ကြီးမယ် လိုရမယ်ရလေး လုပ်ပေးရအောင် နောက်ကနေ စိတ်ပူမူ စိုးရိမ်မူလေးနဲ့ အပြေး၁ပိုင်းလိုက်သွားသည်

"ဟင်း Da Daddy "

Type သူ့ Daddyကားသံလေး ကြားတာကြောင့် အခန်းထဲကနေ မြူးကြွစွာ ထွက်လာသည် တံခါးလေးကို ဖွင့်Mewကို ဆီကြိုဖို့ ခြေလှမ်းတို့ ပြင်နေချိန်

Lhongပခုံးကို တွဲကာအပေါ်သို့ တက်လာသော သူ့Daddy ညာဘက်လက်မောင်းကို ဘယိလက်လေးဖြင့် အုပ်ကာ နာကျင်နေသည့် ဝေဒနာကို ခံစားနေရသည့် မျက်နာအမူအယာ

Type ဆီကြိုမည့် ခြေလှမ်းတို့ရပ်တန့်ကာ ဆိုးဝါးလှသညိ့ မြင်ကွင်းကြောင့် နှလုံး၁ခုလုံး အောင့်တက်ကာ မျက်ရည်များက ပါးပြင်ပေါ်သို့အလိပ်လိပ် ဆီးကျသွားသည်

နှုတ်ခမ်းလေးကလဲ အားလျော့စွာဖြင့် Daddyဆိုသည့် နာမ်စားလေးကို မဖွင့်တဖွင့်လေး ရေရွတ်မိနေသည်

"Type Daddy ဘာမှမဖြစ်ဘူးနော် မငိုနဲ့"

Mew သိပါသည် ဒီကောင်လေး သူကိုဒီလိုပုံစံနဲ့ မြင်ပြီး ၀မ်းနည်းသွားတယ်ဆိုတာ လက်ကနာကျင်နေသည့် ဝေဒနာက ဒီကောင်လေး မျက်ရည်ကြောင့် ပို၍ နာကျင်ကာ နလုံးသားလေးပါ တိုး၍ နာကျင်လာရသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now