" Daddy & Puppy " ( Ep-11 )

1K 52 0
                                    

( Uni )


" Daddy & Puppy "

( Ep-11 )

" Por "

"ဘာလဲ Mew"

၇နစ်သားအရွယ် ကောင်လေးရဲ့ ခေါ်မူကို ဦးရန်နောင် အလုပ်လုပ်နေရင်း အလိုမကျစွာဖြင့် ထူးလိုက်သည်

"သား ပြိုင်ဘီးလိုချင်တယ်"

"ဘယ်လို ပြိုင်ဘီးဟုတ်လား ဘာကိစ္စလိုချင်တာလဲ"

ဦးရန်နောင် လုပ်လက်စကို ခနရပ်ပြီး Mewကို မျက်မှောင်ကြုံကာ မေးလိုက်သည်

" ဟိုကောင်တမ့်လေ သူပြိုင်ဘီး၀ယ်ထားကြောင်း သားကိုကျောင်းမှာ လာလာကြွားနေတာ အ့ကြောင့် Porကို ပူဆာတာ"

Mew ဦးရန်နောင် ဘေးနားက ဆိုဖာအစွန်းလေးမှာ ၀င်ထိုင်ရင်း မျက်မှောင်ကြုံကာ ဒေါသထွက်သလိုလေသံလေးနဲ့ ပြောလိုက်သည်

"ဟုတ်လား Por ၀ယ်ပေးမှာပေါ့ ငါ့သားကို"

Mewရဲ့ ဒေါသထွက်မူကို ဦးရန်နောင် ကြည့်ပြီး ပြုံးကာ ခေါင်းလေးကို ပုတ်လိုက်ရင်း ခပ်အေးအေး လေသံနဲ့သာ ပြောလိုက်သည်

"တကယ်လား Por သားက သူထက်သာတာ လိုချင်တာနော်"

"ရတာပေါ့ Porကလဲ သူထက်သာတာကိုပဲ ငါ့သားကို ၀ယ်ပေးမှာ"

"ရေးးးးး ဒါကြောင့် Porကိုချစ်နေရတာ"

ဦးရန်နောင်က သူလိုချင်တာ ၀ယိပေးမယိဆိုတာကြောင့် အားရ၀မ်းသာဖြင့် ဖတ်လိုက်သည်

တမ့်ဆိုတာကတော့ ဦးရန်နောင်ရဲ့ သူငယ်ချင်း ဦးဇေယံနဲ့ ဒေါ်မြတ်လေးတို့ရဲ့ တစ်ဦးတည်းသောသား Mewရဲ့ အပြိုင်အဆိုင် သူငယ်ချင်းဆိုလဲ မမှားပါဘူး

ဖေ၂ယောက်ကလဲ ငယ်ငယ်ကတည်းကပင် အပြိုင်အဆိုင်များနဲ့ ကြီးပြင်းခဲ့ကြသူများ ဖြစ်တော့ သားဖြစ်သူများတွင်လဲ ဗီဇပြသည့် ထင်ပါရဲ့ Mewနဲ့တမ့်က အမြဲ အပြိုင်အဆိုင်နေကြသည်

သူဒါ၀ယ်ရငိး သူထက်သာတာ ၀ယ်မဲ့ဆိုတဲ့သူ၂ယောက် သားဖြစ်သူများက ဟိုကောင်က ဒါ၀ယ်ထားတာ သားဖြစ်သူတွေ သူထက်သာတာလိုချငိတယိ ပြောလိုက်ရင်းဖြင့် ဖခင်လုပ်သူတွေက နေ့ ညမဆိုင်း ချက်ချင်း၀ယ်ပေးသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now