" Daddy & Puppy " ( Ep- 30 )

764 34 2
                                    

Uni 

" Daddy  & Puppy "

( Ep-30 )

" Daddy ..... Daddy ..... "

အိပ်ပျော်နေဟန်ရှိသော  Mew နားထဲ၀ယ် Daddy ဆိုသည့် ခေါ်သံလေးက တစာစာရယ်

အိမ်မက်လား  တကယ်လား  မသဲကွဲလှ   မျက်လုံးများက  မှိတ်ထားကာ နားများကတော့  ကြားနေသည့်  ထိုအသံလေးကို  နားစွင့်ကာ နားထောင်နေဆဲ

" Daddy ....  Daddy .....သားခေါ်နေတယ်လေဗျာ ... Daddy ... လို့ "

စိတ်ဆိုးဟန် ရှိသလို အသံလေးကြောင့် Mew အိပ်ရာကနေ ဆက်ခနဲ  ထထိုင်လိုက်သညိ

မှောင်မဲ  ကြီးစိုနေသညိ့ အခန်းထဲ၀ယ်  သူ၁ယောက်ထဲပါ  ပြူးကျယ်သွားသော မျက်လုံးများက နားမှ ကြားလိုက်သည့်

အသံပိုင်ရှင်ကို အမောတကော လိုက်ရှာနေ၏ ၊   မတွေ့ချေ  ၁စုံ၁ယောက်မှ  မတွေ့ပါ  ရင်ဘက်ထဲ မွန်းကျပ်လာပါတော့သည်

မျက်၀န်းအိမ်မှ  အရည်ကြည်များလဲ ပြည့်လျှံလာတော့သည်

"  Type .... Type ....ဘယ်မှာလဲ "

မွန်းကျပ်စွာ တမ်းတနေသည့် နာမ်စားလေးကို  တုန်ရီစွာဖြင့် ခေါ်မိပါသည်

​မဖြေပါ  ဘယ်မှာရှိနေသည့်ကို   ဖြေသံမလာ ၊ မျက်၀န်းအိမ်မှ ပြည့်လျှံနေသည့်  အရည်ကြည်များ  ချောင်းစပြုကာ ပါးပြင်ပေါ်သို့  အလိပ်လိပ်

" Type .... Type ... ဘယ်မှာလဲ "

" Daddy ..... သား ဒီမှာလေ "

" Type "

တွေ့ပါပြီး   ၊ Mew ရင်ထဲ မွမ််းကျပ်စွာ တမ်းတနေသည့်  ကောင်လေးကို ၊ 

ခါးစတွင်  လွှမ်းခြုံထားသည့်  ဆောင်စလေးကို  အားပါပါ ဆွဲလှန်ကာဖြင့်  ပြုံးပြဟန် သဘောရှိနေသည့်  ထို ကောင်လေးဆီ  အပြေးအလွှား ၊

"  Type .... Type ဘယ်တွေ သွားနေတာလဲကွာ ... Daddy  Type ကိုလွမ်းနေတာ .... Type သိရဲ့လား "

လွမ်းဆွတ် မူက ရင်ထဲကြီးစိုးနေပါဘိ ၊ တကယ် ဟုတ်  မဟုတ်တောင်  မခွဲခြားနိင်တော့ပါ မျက်ရည်စများနဲ့ မျက်လုံးကို  စုံမှိတ်ကာရယ်

မှန်းဆကာ တမ်းတနေသည့်  ထိုကောင်လေးကို ထွေ့ပိုက်ရင်း သာ စိတ်ဆိုးသည့်နှယ် စကားတွေ ဆိုနေပါဘိ
 

" Daddy  &  Puppy " (Ongoing)Where stories live. Discover now