" Daddy & Puppy " ( Ep-38 )

854 24 7
                                    

" Daddy  & Puppy "

( Ep - 38 )

( Unicode )

ညကအတော်ညည့်နက်နေပြီး Gulf ၁ယောက်မအိပ်နိင်သေးပါ အိပ်ယာထက်တွင် ဟိုလိမ့်ဒီလိမ့်ဖြင့် ၊ ညနေက ကြားခဲ့သည့် စကားကို ပြန်လည်စဥ်စားရင်း အတွေးများနေခြင်းကြောင့်ပင် ...

* အဘိုးက ဘာကြောင့် ငါ့ကိုချင်းမိုင်းမလိုက်စေချင်တာလဲ ? *

ထိုမေးခွန်း၁ခုတည်းနဲ့ပင် Gulf အတွက်အဖြေရှာမရဖြစ်နေသည် ။တွေးလေ စဥ်းစားလေ ခေါင်းများက ကိုက်လုနီးပါးဖြစ်လာသည် ။ မတွေးပဲ မစဥ်းစားပဲလဲ မနေနိင်...

* ငါ့ကရော ဘာကြောင့်ချင်းမိုင်းကို လိုက်ချင်ရတာလဲ *

ထပ်တိုးမေးခွန်းအနေ ကိုယ်ကိုကိုယ့် ပြန်မေးကြည့်တော့လဲ အဖြေကထွက်မလာပါ ၊ လိုက်ချင်တယ်ဆိုတဲ့ အဖြေတစ်ခုသာလျှင် တိကျစွာဖြင့် အဖြေထွက်နေသည် ။

လိုက်ချင်ပေမဲ့ အဘိုးရဲ့ တစ်ချက်လွှတ်စကားကြောင့် စိတ်ခံစားချက်က မကောင်းပေ ....

" ဟူး .... "

မျက်နှာကျက်ဖွေးဖွေးကြီးကိုသာကြည့်ပြီး သက်ပြင်းလေး ၁ချက်မှုတ်ထုတ်လိုက်သည်။

အိပ်၍မပျော်သော မျက်လုံးများ ဟိုဒီကစားရင်း စဥ်းစားကာ ဘေးနားက စားပွဲပေါ်ရှိ ဖုန်းကိုအကြည့်ရောက်သွားသည်။

" ဖုန်းဆက်ရမယ် ၊ ဟုတ်တယ် ... ငါ့ဖုန်းဆက်ကို ဆက်ရမယ် "

အကြံကောင်းပေါ်သွားသကဲ့သို့ ပြူးနေသည့်မျက်လုံးလေးများက လက်ခနဲ့ ဖြစ်သွားသည် ၊ အိပ်ယာမှ ခပ်မြန်မြန်ထကာ ဖုန်းကိုကောက်ကိုင်လိုက်သည် ။

ဖုန်းနံပါတ်ထဲတွင် နံပါတ်၄ခုသာရှိသည် ၊ ၂ခုသည် အဘိုးရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်နှင့် အိမ်ဖုန်းနံပါတ် ၊ ၁ခုက P ´Maild ရဲ့ ဖုန်းနံပါတ် ၊ နောက်၁ခုက Content မမှတ်ထားသည့် နံပါတ် ....

Content မမှတ်ထားသည့် ဖုန်းနံပါတ်ကို ဆက်ရန်အတွက် နှိပ်ရန်ပြင်လိုက်သည် ...

" ဒီချိန်ကြီး ဆက်လို့အဆင်ပြေပ့မလား ... "

တွေဝေစွာနှင့်ပင် နှိပ်ရန်ပြင်နေသော လက်ကလေးများ တွန့်သွားသည်။ သူ့အတွက်နှင့် ၁ဖက်လူ အဆင်မပြေမှာကို သူ့စိုးရိမ်ပါသည် ။ မဆက်ပဲနေလိုက်ပြန်ရင်းလဲ သူ့ဒီညအိပ်ပျော်တော့မည့် မဟုတ်ပေ ...

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

" Daddy  &  Puppy " (Ongoing)Where stories live. Discover now