" Daddy & Puppy " ( Ep- 32 )

659 35 0
                                    

Uni

"  Daddy & Puppy "

( Ep- 32 )

1 Years  Later  ......

အချိန်ရာသီတွေ အလီအလီ ပြောင်းလဲသွားတာနဲ့ အမျှ ၁နှစ်ဆိုတဲ့ အချိန်ကာလပတ်ကို ရောက်ရှိခဲ့သည်

ထို၁နှစ်ဆိုတဲ့ အချိန်ကာလက  Mew အတွက် ရှင်နေလျက်နဲ့ သေနေသလိုပင် ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း  စသည့်  စိတ်ခံစားချက်တွေ 

လုံးလုံးပျောက်ဆုံးခဲ့သည်  အချိန်နဲ့ စက္ကန့်အမျှက  Mew အတွက်  ပျော်ရွှင်မူများ ပျောက်ဆုံးကာ နာကျင်မူများကိုသာ  ခံစားခဲ့ရသည့် ကာလပတ်ပင်

၁နှစ်တာ ကာလပတ်လုံး  စိတ်ရောကိုယ်ရော ပင်ပန်းကာရယ်  အရူး၁ယောက်နှယ် ခံစားခဲ့ရသည်  ဒါဟာလဲ အချစ်က ပေးတဲ့  ဒဏ်ရာ၁ခုပင်

ထိုဒဏ်ရာတွေကလဲ ခုထိကုလို့  မပျောက်နိင် ပျောက်နိင်ပါသော်လည်း  ကိုယ့်စိတ်ကိုယ် မနိင်ခြင်းကြောင့် ခုလို အခြေအနေများသို့ .....

------------

ဒီနေ့ဟာ  လပြည့်နေ့ ဖြစ်ခြင်းကြောင့် ကောင်းကင်ထက်က လမင်းကြီးသည် ထိန်ထိန်သာနေခဲ့သည်

လရောင်ဖြာကျနေသည့် အခန်းထဲက ကုတင်ထက်၀ယ် သက်မဲ့ ဓာတ်ပုံမှန်ဘောင်ကို ကိုင်ကာရယ် ဆွေ့မြေ့စွာ ကြည့်နေမိသည်

" Type .... ဘယ်တွေ လျှောက်သွားနေတာလဲဟင်း .... Daddy ဆီကိုတောင် ပြန်မလာတော့ဘူးနော်

Daddy က သိပ်ကြောက်စရာ ကောင်းနေလို့လား .... "

ကိုင်ဆောင်ထားသည့်  ဓာတ်ပုံမှန်ဘောင်ထဲက ပြုံးပြဟန်ရှိသော  Type ပုံလေးကို လက်မဖြင့် ခပ်ဖွဖွ ပွတ်ကာရယ်  ဆွေးမြေ့စွာ စကားဆိုလိုက်သည်

" Type ကို  Daddy အရမ်းလွမ်းနေပြီး   .... Daddy ဆီကို ပြန်လာပါတော့ကွာ "

မျက်၀န်းအိမ်မှ အကြည်များအလိုလို ပြည့်လျှံလာကာ ပါးပြင်ပေါ်သို့ ဖြတ်ပြေးလျက်

လက်၌ကိုင်ဆောင်ထားသော ဓာတ်ပုံမှန်ဘောင်လေးကို  ရင်၀ယ်ပိုက်ပြီး လွမ်းဆွတ်တမ်းတဖွယ်  ငိုကြွေးနေမိသည်

လွမ်းဆို လွမ်းသင့်လှပေါ့  ၁နှစ်ကြီးများတောင် ရှိခဲ့ပြီးလေ အချိန်ရာသီတွေ  အလီလီပြောင်းလဲသွားပေမဲ့ ရင်ဘက်ထဲက

" Daddy  &  Puppy " (Ongoing)Where stories live. Discover now