" Daddy & Puppy " ( Ep-17 )

1.1K 49 1
                                    

( Uni )

" Daddy & Puppy "

( Ep-17 )

" အာ့ ဒေါက်တာ နာတယ် "

" sorry Lhong ကိုယ့်အားနည်းနည်း ပါသွားတယ် "

နှုတ်ခမ်းထောင့်တွင် ထိုးကြိတ်မူကြောင့် ရလာခဲ့သည့် အနာကို သက်ချို ဆေးထည့်ပေးနေခြင်း ဖြစ်သည်

" တမ့်တို့ အုပ်စုနဲ့ တွေ့လာခဲ့တာလား "

" ဟုတ်တယ် "

" ဘယ်လိုဖြစ်လာကြတာလဲ "

" ဘယ်လိုဖြစ်ရမှာလဲ ထုံးစံအတိုင်းပေါ့ Bossကုမ္ပဏီထိ လိုက်လာပြီး ထိကပါး ရိကပါးတွေ လုပ်တယ်လေ

Boss က ငြိမ်ခံနေပေမဲ့ ကျွန်တော်က မနေနိင်လို့ ရန်ဖြစ်ကြတာ "

သက်ချို အမေးကို Lhong စိတ်ပါအားရမူနဲ့အတူ ပါးစပ်ကအနာကြောင့် နှုတ်ခမ်းလေး ရွဲ့ကာရွဲ့ကာဖြင့် ဖြေပါသည်

သက်ချို Lhongပုံစံလေးကိုကြည့်ပြီး ရဲရဲမရယ်ရဲ တော်ကြာ Lhongက သူ့ကိုလှောင်ပါတယ်ဆိုပြီး ရန်တွေ့နေမည်ဆိုး၍ ကြိတ်ရယ်လိုက်သည်

" Lhong ခုလိုလုပ်တော့ Mewက မတားဘူးလား "

" မတားဘူး လက်ပိုက်ပြီး ရပ်ကြည့်နေတာ "

သက်ချို အမေးကြောင့် ခေါင်းကြီးအောက်စိုက်သွားကာ Lhong ခပ်အက်အက်အသံလေးဖြင့် ဖြေလိုက်သည်

" Lhong စိတ်မကောင်းမဖြစ်ပါနဲ့ Mewက Lhongထင်နေသလို အရမ်းအဆိုးကြီးလဲ မဟုတ်ပါဘူး

အလုပ်ကြောင်းမို့သာ ဆိုးတယ်ထင်နေရတာ တကယ်အတွင်းစိတ်က အရမ်းနူးညံတာ Lhong ကြာရင်း Mew စိတ်ရင်းအမှန်ကို မြင်တွေ့လာလိမ့်မယ် "

သက်ချို Mewအကြောင်းသိနေပြီးသားမို့ မကြာသေးခင်ကမှ ရောက်လာတဲ့ Lhongဆိုသည့် ကောင်လေးက

Mew အကြောင်းကို ဘာမှမသိသေးတာကြောင့်သက်ချို ရှေးပြေးအနေနဲ့ ဖြေလိုက်သည်

" ဒါနဲ့ Lhong ဘယ်နားတွေ ထိလာသေးလဲ "

" ဗိုက်မှာတော့ နည်းနည်း အောင့်နေတယ် ဒေါက်တာ "

" ဟုတ်လား အ့ဆို ကြည့်ကြည့်ရအောင် "

သက်ချို Lhongရဲ့ အကျိီစလေးကို ခါးစနားလေး အပေါ်ထိကို ဆွဲလှန်လိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now