" Daddy & Puppy " ( Ep-28 )

611 34 6
                                    

( Uni  )

"  Daddy  &  Puppy "

( Ep- 28 )

"  အားးးး   "

ဇာတ်ပိုးတွင် ရိုက်ခံရသည့်  ဒဏ်က အသိစိတ်က ၀င်လာချိန် ပထမဦးဆုံး ခံစားရသည့်မို့ နာသည့်ဒဏ်ကို

ပုံဖော်ပြီး  Type ၁ယောက် မျက်လုံးစင်းလေးဖြင့် ညည်းညူးလိုက်သည်

" ဒါ  ဒါ  ဒါက ဘယ်နေရာလဲ  ငါ့ဘယ်ကိုရောက်နေတာလဲ "

မျက်လုံးလေးကို အားယူဖွင့်လိုက်ချိန်  မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက 

မဲမှောင်ပြီး ကြောက်စရာကောင်းတဲ့ နေရာ၁ခု  Type လဲကျနေတဲ့

ခန္ဓာကိုယ်လေးကို အားယူထပြီး နှုတ်မှ တုပ်လှုပ်စွာဖြင့် ရေရွတ်လိုက်သည် 

လက်၂ဖက်ကို  ပူးကာ  နောက်ပြန်ပြီး  ကြိုးတုပ်ထားတာကြောင့် ရုန်းမရ

မျက်လုံးများက  အ၀င်အထွက် ပေါက်ရှိရာကို လိုက်ရှာရင်း စိတ်ထဲက  အမည်မသိ  ကြောက်ရွံစိတ်က ကြီးစိုးနေသည့်

" မင်းတောင် နှိုးနေပြီးပဲ ချာတိတ် "

" ခင်ဗျာ့ "

ထိုအခေါ်အဝေါ်နဲ့  အသံကိုကြားဖူးတာကြောင့်  Type ဟိုဒီကြည့်နေသညိ့ မျက်လုံးများက  အသံလာရာကို စူးစိုက်ကဖြင့် ကြည့်လိုက်မိသည်

" အွန်းးးး ဘယ်လိုလဲ အံသြသွားလား "

Type ရဲ့ ပခုံးပေါ် လက်တင်ကာဖြင့်  ခပ်ရွဲ့ရွဲ့လေသံဖြင့်  မေးလိုက်သည်

" ခင်ဗျာ့  ကျွန်တော်အသားကို မထိနဲ့  "

"  အိုးးးးဟို့  ဒီအခြေအနေထိ ရောက်နေတာတောင် မင်းလေးက မာနကြီးနိင်သေးတယ်နော် "

သူ့ကို အသားမထိဖို့ပြောလာသော  Type မှေးလေးကို လက်ဖျားကလေးဖြင့် ထိတို့ရင်း  စနောက်လိုက်သည်

" ခင်ဗျာ့ကို ပြောနေတယ်လေ  ကျွန်တော်အသားကို မထိနဲ့လို့ "

တမ့်ရဲ့ စနောက်မူကို ရှောင်ကာဖယ်ရင်း  ဒေါသမျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်

" မင်းလေးက  တယ် ချစ်စရာကောင်းသကိုး ဒါကြောင့်လဲ  Mewက  သဲသဲလှုပ်လှုပ်  ချစ်နေတာနေမှာ "

" Daddy  &  Puppy " (Ongoing)Where stories live. Discover now