"Daddy & Puppy" ( Ep-2 )

1.5K 73 1
                                    

( Uni )





" Daddy & Puppy "

( Ep-2 )

"သား Mew အလုပ်သွားတော့မလို့လား"

ဒေါ်ကြီးမယ် Typeအခန်းထဲက ထွက်လာတော့ အလုပ်သွားရန်ပြင်ဆင်ပြီး ထွက်လာတဲ့ Mewကိုမြင်၍ မေးလိုက်သည်

"ဟုတ်ကြီးမယ် ဒါနဲ့ ကောင်လေးအခြေအနေ ဘယ်လိုရှိလဲ ကြီးမယ်ကိုရော စကားပြောရဲ့လား"

Mew ကြီးမယ်မေးတာကိုဖြေပြီး Typeအခန်းကိုလေး ညှိုးလေးထိုးကာ Typeစကားပြောရဲ့လားဆိုပြီး မေးလိုက်သည်

Mewမေးလဲ မေးချင်စရာပင် Typeဆိုတဲ့ ကောင်လေးက အိမ်ရောက်တာ ၃ ၄ရက်လောက်ပင်ရှိပြီး ဘယ်သူကိုမှ ရေရေလည်လည်စကားမပြော နေကလဲ မကောင်းတော့ Mewက အခန်းထဲမှာပဲ နေခိုင်းဖို့ မှာထားတော့ ပိုဆိုး

ကြီးမယ်သာလျှင် Typeကိုပြုစုပေး အ၀င်အထွက်များတာကြောင့် အ့ကလေးက ကြီးမယ်ကိုတော့ စကားပြောလိုက်မှာပါဆိုတဲ့ အတွေးနဲ့ Mewမေးလိုက်ခြင်း ဖြစ်သည် Mewအမေးကြောင့် ကြီးမယ်က ရယ်လိုက်မိသည်

"ပြောတယိ ၁ခွန်းထဲ "

ကြီးမယ် ပြုံးစစဖြင့် ဖြေလိုက်သည်

"ဘာပြောလဲ ကြီးမယ်"

Mewလဲ ဘာပြောလဲ သိချင်တာကြောင့် ကြီးမယ်ကို မျက်လုံးလေး အပြူးသားဖြင့် မေးလိုက်သည်

"Daddy အလုပ်သွားပြီးလားတဲ့"

"ဟမ်း အ့ကောင်လေးက ကျွန်တော်ကို ဟက်"

ကြီးမေးအဖြေကြောင့် Mewမျက်လုံးလေးပြူးသွားကာ သူဟာသူသဘောကျပြီး နှုတ်ခမ်းလေးတွန့်ယုံပြုံးလိုက်မိသည်

"ဟုတ်ပ့ ဟုတ်ပ့ သားMew အလုပ်မသွားသေးရင်း Typeကို စကား၀င်ပြောသွားပါလား ကြီးမယ်အထင် သားလေးTypeက သားကို စကားပြောနေချင်ပုံ ရတယ်"

ကြီးမယ်လဲ ကလေးကို Mewနဲ့မစိမ်းစေချင်ဘူး ဘာလို့ဆို Mewက Typeလေးရဲ့ မွေးစားအဖေ ဖြစ်နေပြီးလေ ဒီတော့ရင်းရင်းနှီးနှီးနေသင့်တယ်

Typeကလဲ နဂိုဗီဇကပဲ စကားနည်းတာလား ဒါမှ မဟုတ်ဒီအိမ်က လူတွေကိုပဲကြောက်နေသလား မသိ ကြီးမယ်ကိုယ်တောင် အခေါ်အပြောလုပ်တာတောင် ဒီကလေးဘက်က ခေါင်းလေးညိမ့်ကာပဲ ဖြေတက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now