" Daddy & Puppy " ( Ep-18 )

963 47 0
                                    

( Uni )

" Daddy & Puppy "

( Ep- 18 )

" Mew "

" အာ့ သက်ချို အရေးကြီး သုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ "

ဆေးရုံသွားရင်း လွယ်နေကျ ဘေးလွယ်အိတ်လေးကို ပခုံးတွင် လွယ်ကာ ခြေလှမ်းကြဲကြဲများဖြင့် သူနာမည်ကို လျှောက်လာသည်

Mewလဲ အလုပ်သွားရန် ကားတံခါးဖွင့်ထားသည့်လက်က ပြန်ရုတိသိမ်းပြီး သက်ချိုဆီခြေလှမ်း လှမ်းကာ စိုးရိမ်စိတ်လေးနဲ့ မေးလိုက်သည်

Mew သည်မှ စိုးရိမ်နေသည့်မဟုတ် Lhongပါ ခေါင်းလေးစောင်းငဲ့ကာ ကြည့်နေမိသည်

" ဘာမှတော့ ဖြစ်မလာပါဘူး မင်းအခု အလုပ်သွားတော့မလို့လား Mew"

" အင်းဟုတ်တယ်လေ ဘာလို့လဲ "

" ငါ့ဆေးရုံကို လမ်းကြုံလိုက်လို့ ရမလား အိမ်က ကားက သွားခံနီးမှ ဘာထဖောက်တယ် မသိဘူး စက်နှိုးမရလို့

ဆေးရုံမှာ ဒီနေ့ခွဲစိတ်လူနာရှိလို့ အမြန်သွားရမှာမို့ "

" ဒါမှန်း သက်ချိုရယ် ပြောစရာလိုလား ငါ့ကအဘွားမှန်း ၁ခုခုဖြစ်လို့လားလို့ "

" ငါ့ပုံစံက အ့လောက်ထိ စိုးရိမ်စရာရုပ် ပေါက်သွားလို့လား "

" အင်း ဟုတ်တယ် ငါ့မပြောနဲ့ Lhongတောင် စိတ်ပူသွားတယ်ထင်တယ် "

" ဟုတ်တယ်မလား Lhong "

Mew သက်ချိုကို စကားတိုတိုပြောပြီး နောက်ဆုံးစကားမှ သူပြောသည့် စကားကိုအတည်ယူချင်၍ Lhongကို မှေးလေးငေါ့ကာ မေးလိုက်သည်

" ဗျာ "

Lhongလဲ အဆုံးမရှိ အစမရှိစကားကြောင့် "ဗျာ"ဆိုသည့် စကား၁လုံးသာ နှုတ်မှ ထွက်ပေါ်လာသည်

သက်ချို Lhong ကြောင်အမ်းအမ်း ဖြစ်သွားပုံလေးကို သဘောကျစွာဖြင့် ကြိတ်ရယ်လိုက်ပါသည်

" ကဲပါ Mewရယ် မင်းလုပ်တာနဲ့ ငါ့နောက်ကျတော့မယ် သွားရအောင် "

" Aပါ Aပါ Lhong သွားရအောင် "

" ဟုတ် Boss "

Lhongလဲ Mewစကားကြောင့် ကားခေါင်းထဲ၀င်ကာ ကားမောင်းဖို့ ပြင်လိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now