" Daddy & Puppy " ( Ep-14 )

1K 51 0
                                    

( Uni )

" Daddy & Puppy "

( Ep-14 )

" သား Mew အလုပ်မသွားသေးဘူးလား "

အလုပ်သွားရန် ပြင်ဆင်ပြီး ဧည့်ခန်းအလယ်က စားပွဲက ထိုင်ခုံမှာ ထိုင်ကာ ဖုန်းထိုင်ကြည့်နေသော Mewကို ကြီးမယ် မေးလိုက်သည်

" သွားတော့မလို့ Lhong မလာသေးလို့ စောင့်နေတာ "

ကြီးမယ်မေးတော့ ကြည့်နေတဲ့ ဖုန်းလေးကို ပိတ်ကာ အိမ်ပေါက်မှာ Lhongမလာသေးကြောင့် လက်ညှိုးထိုးပြကာ ပြောလိုက်သည်

"ဟုတ်သား ဒီကောင်လေး ခါတိုင်းဒီလိုမဟုတ်ပါဘူး ဒီနေ့မှ အိပ်ယာထ နောက်ကျနေသလားမသိဘူး ကြီးမယ်သွားကြည့်လိုက်ဦးမယ်"

"နေနေ ကြီးမယ် ကြီးမယ်မှာ လုပ်စရာတွေ ရှိသေးတယ်မလား ကျွန်တော်ပဲ သွားကြည့်လိုက်မယ်"

Lhongကို ခေါ်ရန် ခြေလှမ်းပြင်နေတဲ့ ကြီးမယ်ကို သူသွားမယ်ဆိုပြီး လှမ်းတားလိုက်သည်

" ဖြစ်ရဲ့လား သား "

"ဖြစ်ပါတယ် ကြီးမယ်သာ လုပ်စရာရှိတာ ဆက်လုပ် "

ကြီးမယ်ကို ပြောပြောဆိုဆိုနဲ့ Mew Lhongကို သွားခေါ်ဖို့ နောက်ဘက်က တနိးလျားဆီကို ခြေလှမ်းများ ဦးတည်လိုက်သည်

" သူဌေး ဘယ်သွားမလို့လဲ "

" aww Roseပဲ Lhong ဆီလာတာ Roseရော ကြီးမယ်ဆီ သွားမလို့လား "

"ဟုတ်တယ် သူဌေး ဒီချိန်ဆို ကြီးမယ် ၁ယောက်ထဲ အလုပ်ရှုတ်နေလောက်ပြီး"

"ဟုတ်တယ် ဟုတ်တယ် ကြီးမယ် ဟိုမှာ အလုပ်ရှုတ်နေတာ Rose သွားရင်းသွားတော့လေ ကျွန်တော်လဲ Lhong သွားခေါ်လိုက်ဦးမယ်"

" ဟုတ်ကဲ့ သူဌေး အ့ဆို Roseကို ခွင့်ပြုပါဦး"

" ကောင်းပါပြီး "

Rose နဲ့ Mew ၁ယောက်ကို ၁ယောက် နှုတ်ဆက်ပြီး အသီးသီး ကိုယ့်လမ်းကိုယ့် လျှောက်ခဲ့ကြသည်

😒😒😒

" ဒေါက် ဒေါက် ဒေါက် Lhong ငါ့ဝင်ခဲ့မယ်နော် "

Mew Lhong အခန်းတံခါးပေါက်ကို ခေါက်ကာ သူဝင်လာမည်ဖြစ်ကြောင့် အသံပေးလိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now