" Daddy & Puppy " ( Ep - 37 )

823 34 6
                                    

" Daddy  & Puppy "

( Ep - 37 )

အချိန်က နေ့လည်မွန်းတည့် ၁၁နာရီ ရှိပြီးဖြစ်သည် ။ လိုက်ကာမှ ကျော်ဖြတ်ကာ ကျရောက်လာသည့် နေရောင်စူးစူးကာ ဖီးယက်မျက်နှာပေါ်သို့ ကျဆင်းလျက် ။ ညကပင်ပန်းထားသည့်အရှိန်ဖြင့် အိပ်ချင်သော်လည်း ထိုနေရောင်စူးစူးကြောင့် ဆက်အိပ်၍မရတော့ပါ

အိပ်ယာထက်တွင် လူးလိမ့်ကာဖြင့် မျက်လုံးလေးနှစ်ဖက်ကို စုံပွတ်သပ်ကာဖြင့် အပြင်းကြောလေး ဆန့်တန်းလိုက်သည် ။

အိပ်ချင်နေသည့် မျက်လုံးလေးများပွင့်လာကာ အရင်မြင်ရသည့်မှာ မျက်နှာကျက်ဖွေးဖွေးကြီးပင် နောက်ပြီး မျက်လုံးများ ဟိုဒီကစားကြည့်ရမှာ ဒါ့ဟာ သူ့အိမ်တော့ မဟုတ်ခဲ့ ...

အပျင်းကြီးမနေတော့ပဲ အိပ်ယာမှ ဆက်ခနဲ့ထထိုင်လိုက်သည်

" အာ့ ... ကျွစ် ... ကျွစ် ... နာလိုက်တာ "

တင်ပါးနဲ့ ခါးစပ်နားလေးကို ကိုင်ကာဖြင့် မျက်နာလေးရှုံတွစွာ ငြီးငြူးမိလိုက်သည် ။ ဟုတ်ပါရဲ့ ညကဖြစ်ပျက်များကို ပေါ့လျော့စွာဖြင့် သတိမေ့နေခဲ့ပါသည် ။

ခုမှ ခေါင်းထဲရိုက်သွင်းမတက် ပုံရိပ်များက တရိပ်ရိပ်နဲ့တိုး၀င်လာတော့သည် ။ ထိုပုံရိပ်များကို ပြန်မြင်ရတိုင်း ဒေါသများက အလိပ်လိပ်နဲ့ပင် ထွက်လာသည် ။ ပေါင်းရင်းအထက်ရှိ စောင်ထွေထွေလေးပေါ် ဒေါသစိတ်များ ကျရောက်ပြီးလုံးကြေနေမိသည် ။

" အယုတ်တမာကောင် "

မျက်၀န်းအိမ်လှလှလေးမှ ကျလုနီးပါးဖြစ်နေသည့် မျက်ရည်များကို တင်းခံခါ အောက်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းကိုက်၍ ဒေါသစိတ်များနဲ့ တစ်ယောက်ထဲ ခံပြင်းနေမိသည်

တစ်ဖက်တွင်တော့ ....

ဧည့်ခန်းက စားပွဲတွင် ခြေထောက်ကို တင်းပလင်ချိတ်၍  လက်ထဲကဖုန်းကိုကြည့်ကာ ကော်ဖီကို စတိုင်ရှိရှိသောက်နေသော သူ့က တကယ့်ကို လန်းဆန်းတက်ကြွနေသည့်ပုံ

သူ့နားပတ်လည်တွင်လဲ Suit အမဲရောင် နဲ့ စတိုင်ပန့် အမဲရောင်ကို သားနားစွာ ၀တ်၍ လက်ကလေးတွေ ယှက်ကာရပ်နေသည့်မှာ လူ့ ၃ ၄ယောက်တော့ ရှိမည်။

" Daddy  &  Puppy " (Ongoing)Where stories live. Discover now