" Daddy & Puppy " ( Ep-20 )

899 49 2
                                    

( Uni )

" Daddy & Pupp "

( Ep-20 )

" ဒီလိုကွာ "

" ဒါနဲ့ ဦးသက်ချို မပြောပြခင် Type တမ့်ဆိုတဲ့ လူအကြောင်း သိလား "

" ဟုတ် ဦး Lhong ပြောပြလို့ အနည်းအကျဥ်းတော့ သိတယ် ဦးသက်ချို

Daddy နဲ့ အ့တမ့်ဆိုတဲ့ ဦးလေးနဲ့က အပြိုင်အဆိုင်နဲ့ ကြီးပြင်းခဲ့ကြတာတဲ့

ပြီးတော့ Daddy ဖေဖေနဲ့ ဦးလေး တမ့် ဖေဖေကလဲ ငယ်ငယ်ကတည်း ပြိုင်ဆိုင်လာခဲ့ကြတာတဲ့ ဦး Lhong ပြောပြဖူးတယ် "

" အင်းးးး ဟုတ်တယ် Mewဖေ ဦးရန်နောင်နဲ့ တမ့်ဖေ ဦးဇေယံက ငယ်ငယ်ကတည်းက ပြိုင်ဆိုင်ခဲ့ကြတာလေ

မိသားစုကလဲ ရွှေကြီးမျိုးကြီး ဆိုတော့ လက်ညှိုးညွှန်ရာ ရေဖြစ်ဆိုသလိုပေါ့ ပါးစပ်က ပူဆာလိုက်တာနဲ့ တန်းရတာလေ

အ့လိုပဲ Mewနဲ့တမ့်လဲ အတူတူပဲ ဖခင်ဖြစ်သူတွေရဲ့ အပြိုင်အဆိုင်တွေက သားတွေမှာပါ ဗီဇ လာပြတယ်လေ

တစ်မူးထူးခြားတာက Mew အဖေ ဦးနောင်က ခေါင်းမာပြီး တဇွတ်ထိုး သမားလေ ​ခေါင်းမာတော့ ပြောရဆိုရခက်တာပေါ့

သူထင်ရာပဲ သူလုပ်တယ်လေ အ့လိုတွေကြောင့် Mewအမေ ဒေါ်ခင်စံပယ်က စိတ်ပျက်ပြီး နောက်ယောကျာ်းနောက် လိုက်သွားတယ်လေ

ဒေါ်ခင်စံပယ် ပစ်ချက်က Mewတို့ သားဖကို တမ့်တို့မိသားစု နိင်စရာ နိမ်စရာ တစ်ကွက်ဖြစ်လာတယ်လေ

ဦးရန်နောင်က သူများအပြောအဆိုတွေ မခံချင်တော့ ဘန်ကောက်က မိဘဆွေမျိုး လုပ်ငန်းတွေအကုန်ပစ်ပြီး ချင်းမိုင်ကိုပြောင်းလာခဲ့တယ်လေ

ချင်းမိုင်ဆိုတာက မှောင်ခိုမူးယစ် လုပ်ကိုင်လို့ ကောင်းတဲ့နေရာလေ အ့မှာ ဦးရန်နောငိက "The King"ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ဗန်းပြပြီး

နောက်ကွယ်မှာ မှောင်ခိုမူးယစ်တွေ စလုပ်လာခဲ့တယ် သူရည်ရွယ်ချက်က Mewမှာ မေဆိုတာ မရှိတော့ ဖေဆိုလဲသူ မေဆိုလဲ သူဆိုပြီး

သားဖြစ်သူကို မျက်နာ မငယ်စေချင်လို့ ဖြတ်လမ်းနည်းကနေ စီးပွားရှာတယ် ဆိုပါတော့

" Daddy  &  Puppy " (Ongoing)Where stories live. Discover now