" Daddy & Puppy " ( Ep -15 )

1.1K 47 2
                                    

( Uni )

" Daddy & Puppy "

( Ep-15 )

" Morning Mew "

" ဟာ သက်ချိုပါလား အစောကြီး ဒီကိုဘာလာလုပ်တာလဲ "

ချိုင့်လေးဆွဲကာ အပြုံးပန်နဲ့နှုတ်ပြီး ၀င်လာသော သက်ချိုကြောင့် Mew မနက်စားရင်းခေါင်းပြန်လှည့်ကြည့်ကာ မေးလိုက်မိသည်

သက်ချို Mewအမေးကို ချက်ချင်းမဖြေသေးပဲ Typeဘေးနားက ခုံလေးကို ဆွဲထုတ်ကာ ထိုင်လိုက်သည်

" ဦးသက်ချို ဦးLhongဆီ လာတာလား "

Type သက်ချိုရဲ့ အရိပ်အကဲကို သိတာကြောင့် မဝံမရဲလေး မေးလိုက်သည်

" ဟုတ်တယ် Type ဒါနဲ့ Lhong သက်သာသွားပြီးလား "

" Lhong သက်သာ မသက်သာတော့ မသိဘူး ဒေါက်တာ သက်ချိုရေ ဟိုမှာသာ ကြည့်လိုက်တော့ "

ကြီးမယ် သက်ချို အမေးကို အပေါက်မှာ ကားတံခါးဖွင့်ကာ ရပ်စောင့်နေတဲ့ Lhongကို မှေးငေါ့ပြလိုက်သည်

" ကျွစ် Lhongကတော့ကွာ "

သက်ချို Lhongကို စိတ်ပျက်သလိုကြည့်ပြီး ကျွစ်သက်ကာ ထိုင်နေရာကနေထပြီး အပေါက်၀က Lhongဆီကို အပြေး၁ပိုင်း

Typeနဲ့ Mewလဲ ၁ယောက်မျကိနာ၁ယောက်ကြည့်ပြီး သက်ချိုနောက်ကို ထလိုက်သွားကြသည်

" Lhong နေမကောင်းသေးဘူးမို့လား "

" ကျွန်တော် သက်သာနေပြီး "

" ကိုယ့်ကပူနေသေးတာပဲ အခနိးပြန်ပြီး နားလိုက်ပါလား "

သက်ချို သက်သာပြီးပြောနေတဲ့ Lhongနဖူးလေးကို လက်ကလေးဆန့်တန်းကာ အဖျားတိုင်လိုက်သည်

ကိုယ်ကပူနေသေးတာကြောင့် Lhongကို ဂရုဏာ လေသံလေးနဲ့ ပြောလိုက်သည်

" ရတယ် ကျွန်တော် အဆင်ပြေတယ် "

" ခေါင်းမမာစမ်းပါနဲ့ Lhongရာ နေကောင်းသေးတာလဲ မဟုတ်ပဲနဲ့ "

" ကျွန်တော်အဆင်ပြေတယ်လို့ ပြောပြီးပြီးလေ "

Lhong သူ့ကို အာဏာတွေပြချင်နေတဲ့ သက်ချ်ုကို ဂျိုသွေးကာ ကြည့်လိုက်မိသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now