" Daddy & Puppy " ( Ep-10 )

1.1K 52 2
                                    

( Uni )

" Daddy & Puppy "

( Ep-10 )

"အာ့ဟားးး Daddy ယားတယျ ဟားးးး"

Type ရဲ့ ရယ်သံလွင်လွင်လေးက Mewအခန်းဆီက၀ယ် ကုတင်ထက်တွင် Type ခါးလေးကို Mewက ကလိထိုးက ကျီစယ်နေလေရဲ့

"Daddy တော်ပါ ယားတယ် ဟားးးး"

Type ၁ယောက် ဟိုဒီရုန်းရင်း ကုတင်ထက်တွင် လူးလိမ့်က အော်နေသည် Mewကတော့ အ့လေးကြိတ်ကာ ကြိတ်ကာဖြင့် ကလိထိုးနေဆဲ

" Daddy အူးယားအောင် ဘာလိုစလဲပြော"

"သား မစတော့ပါဘူး Daddy တော်ပါတော့ ဟားးး"

ရုန်းကန်လှုပ်ရှားနေတဲ့ Typeကိုယ်လုံးလေးထက် Mew ကိုယ်လုံးလေး အုပ်မိုးကာ ခါးလေးကို လက်ညှိုးလေးဖြင့် အူးယားစွာဖြင့် ကလိထိုးနေသည် Typeမှာ ယားသည့်ကို မခံနိင်၍ ဒွန့်ဒွန့်လူးအောင် ရုန်းနေတော့သည်

"Daddy သားမစတော့ဘူး တော်ပါတော့"

"သေချာလားပြော"

"သေချာတယ် ကတိ သားမစတော့ပါဘူး"

သူအပေါ်ကနေ အုပ်မိုးထားသော Mewမျက်လုံးအစုံကို ကြည့်ကာ ရယ်လျက်​ပြောလိုက်သည် Mew ထိုကောင်လေးရဲ့ သွားစွယ်များ ပေါ်အောင်ပြုံးနေသည့် အပြုံးချိုချိုလေးကို ကြည့်ပြီး သူလဲသဘောကျစွာ လိုက်ရယ်လိုက်သည်

"ok အ့ဆို Daddyလဲ ဆက်မစတော့ဘူး"

Mew သူကိုယ်လုံးလေးကို ဘေးဘက်သို့လှဲချလိုက်ပြီး Typeခေါင်းနဲ့ထိထားကာ မျက်စိတည့်တည့်ကာ မျက်နာကျက်ဖြူဖြူကြီးကို ငေး၍သာ ကြည့်လိုက်သည်

Type သူ့ Daddyကို ခေါင်းလေးစောင်းကာကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူ့Daddy အကြည့်ရောက်နေတဲ့ မျက်နာကျက်ကြီးကို လိုက်ကြည့်နေမိသည်

"Daddy"

Type မျက်နာကျက် ကို ကြည့်နေရာမှာ ပြောစရာရှိ၍ သူ့ Daddyကို စောင်းငဲ့ကြည့်ကာ ခေါ်လိုက်သည်

Mew ဘယ်ဘက်လက်ကလေးကို သူခေါင်းအောက်တွင် ခုအိပ်ထားပြီး ဒဏ်ရာရထားသည့် ညာဘက်လက်ကလေးကို ဗိုက်မှာတင်ထားသည်

Typeရဲ့ Daddyဆိုသည့် ခပ်လွင်လွင် အသံလေးကြောင့် မျက်နာကြက်ကို ကြည့်နေရာမှာ သူဘေးက အကောင်ပေါက်ကို စောင်းငဲ့ကြည့်ပြီး ပြောလေဆိုပြီး မှေးလေးငေါ့ပြလိုက်သည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now