" Daddy & Puppy " ( Ep-4 )

1.2K 60 2
                                    

( Uni )

" Daddy & Puppy "

( Ep-4 )

"ဖီးယက် ဒါကဘယ်လိုဖြစ်တာလဲ ဘာလို့ အမှတ်တွေက ဒီလောက်ထိ ကျသွားရတာလဲ"

Mew သူလက်ထဲက ဖီးယက်အမှတ်စရင်းကို ကြည့်လိုက်သည် အမှတ်များသည် အရင်လထက် သိသိသာသာ ကျသွားသဖြင့် Mew ဖီးယက်ကို မျက်လုံးလေး လှန်ကြည့်ကာ ပြောလိုက်သည်

"ဖီးယက် ငါ့မေးနေတယ်လေ"

ဖီးယက် Mewအမေးကို မဖြေပဲ ခေါင်းငုံထား၍ Mew ဒေါသသံပါပါဖြင့် အော်​လိုက်သည်

"ဟို Daddy အ့ဟာကလေ"

"တော်တော့ မင်းငါ့ကို ဘာအကြောင်းပြချက်တွေ ပေးဦးမလို့လဲ

စာကိုဘာလို့ အာရုံမစိုက်ရတာလဲ Typeကို နည်းနည်းလေး အတုယူစမ်းပါ Typeဆိုကြည့် စာလုပ်ချိန်ဆိုစာ ၁ခါ၁လေ အိပ်ချိန်တွေမှာတောင် စာလုပ်လွန်းလို့ မနည်းတားယူနေရတာ

မင်းကတော့ မဟုတ်ပါဘူး ပြန်မပြော နားမထောင် ​ပြောလိုက်ရင်းလဲ ပါးစပ်က ချမယ်နပ်မယ် ဆိုတာတွေကြည့်ပဲ ဘာလဲမင်းအလုပ်က ကျောင်းသွားပြီး ရန်ဖြစ်ဖို့လား ငါ့ကရော မင်းကို ရန်ဖြစ်ဖို့ ကျောင်းထားပေးထားတာလား ဟမ်း ဖီးယက်"

Mew သူကိုအကြောင်းပြချက် ပေးရန် ကြံနေတဲ့ ဖီးယက်ကို ဒေါသသံပါပါ ဆူငေါက်လိုက်သညိ

ဖီးယက်နဲ့ Typeက ခုဆို အထက်တန်းကျောင်းသားတွေ ဖြစ်နေပြီး တစ်ကျောင်းထဲ တစ်ခန်းထဲ အတူနေတဲ့ ကောင်လေး၂ယောက် Typeကတော့ အနေအေး ညဏ်ကောင်းပြီး စာတော်တဲ့ ကလေးပေါ့ ဖီးယက်ကတော့ စာတော်ရဲ့သားနဲ့ တမင်မလုပ်ပဲ ပြသာနာကို မီးခွက် ထိုးရှာတက်တဲ့ ကောင်လေး

ဖီးယက်က တဖြေးဖြေး အရွယ်ရောက်လာတဲ့အမျှ Mewစကားကိုပင် နားမထောင်ချင်တော့ ၁ခါ၁လေတောင် Mewကို စကားပြန်ပြန်ပတ်တက်သည်

ထိုကဲ့သို့ အချိန်များဆို ဖီးယက်ကို ပြန်ပြောရကောင်းလားဆိုပြီး စိတ်ရှိလက်ရှိ ရိုက်နပ်ခြင်းသည် သို့သော် ရွယ်တူတန်းတူ ဖြစ်တဲ့ Typeရှေ့ ရိုက်လိုက်ရင်းလဲ ဒီကလေး ရှက်စိတ်၀င်ပြီး မလိုမုန်းထားတွေ ဖြစ်မယိဆို၍ သူကပဲ အမြဲစိတ်လျော့နေရသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now