" Daddy & Puppy " ( Ep-24 )

883 36 2
                                    

" Daddy & Puppy "

( Ep- 24 )

" Rose ဒီမှာ ဘာရပ်လုပ်နေတာလဲ "

Mew အလုပ်က အပြန် ခြံပေါက်တွင် ဟိုကြည့် ဒီကြည့်လုပ်ကာ စိတ်ပူသဖွယ်ရပ်နေသော Roseကို ကားပေါ်မှ ကားမှန်လေးချကာ မေးလိုက်သည်

" ဟို  ဟို  ဖီးယက် မပြန်လာသေးလို့ သူဌေး"

" ဖီးယက် ဟုတ်လား  "

" ဟုတ်သူဌေး "

" Lhong အရင်သွားနှင့်လိုက် "

ကားပေါ်က ဆင်းလိုက်ပြီး တံခါးပိတ်ကာ ကားရှေ့ခန်းက Lhong ကို မျက်စလေးပစ်ပြကာ အရင်သွားနှင့်ဖို့ ပြောလိုက်သည်

Lhong လဲ  ခေါင်းလေးညိမ့်ပြကာဖြင့် ကားကို ခြံထဲ မောင်း၀င်သွားသည်ယ

"ဒီချိန်ထိ ပြန်မလာသေးတာ သူက  ဘယ်သွားလို့လဲ "

လက်ကနာရီကို ကြည့်ကာဖြင့် မျက်မှောင်ကြုံကာ မေးလိုက်သည်

" ညနေက သူငယ်ချင်းဆီက ခနဆိုပြီး ထွက်သွားတာပါ သူဌေး "

" ဒီကောင်လေး သူငယ်ချင်းဆီ သူငယ်ချင်းဆီနဲ့ ဒီလိုပဲ  ခန ခန အပြင်ထွက်နေတာမို့လား  Rose "

Mew Rose ကို ပေစောင်းကြည့်ကာဖြင့် မေးလိုက်သည်  Rose မှန်သည့်စကားမို့  အသံတိတ်ဆိတ်ကာ ခေါင်းကို အောက်စိုက်ထားလိုက်သည်

" ငါ့အိမ်မှာ မရှိပေမဲ့ ဘယ်သူဘယ်သွားတယ်ဆိုတာ ငါ့သိတယ်နော်

နင့်သား အရွယ်ရောက်ပြီး ဆိုပြီး  ငါ့ခွင့်ပြုချက် မရပဲ လုပ်ချင်တိုင်း လုပ်ခိုင်းနေတာလား Rose "

" အ့  အ့လို သဘောမဟုတ်ပါဘူး သူဌေး"

" သားဆိုးတာလဲ သူဌေးအသိပါ Rose ဘာပဲပြောပြော သူနားမ၀င်ပါဘူး ခုထွက်သွားတာလဲ  Rose မသိလိုက်ပါဘူး

ကြီးမယိ အလုပ်လုပ်နေရင်း တန်းလျားပြန်မှ သားမရှိမှန်း သိတာပါ

Rose  ဒီမှာနေပြီး သူဌေးခွင်ပြုချက်မရပဲ ဘယ်ရာမှ မလုပ်ရဲပါဘူး "

Rose အောက်စိုက်နေတဲ့ ခေါင်းလေးမော့ထောင်လာကာ လက်ကလေး ယမ်းကာဖြင့် အမောတကော ပြောလိုက်ပါသည်

" Daddy  &  Puppy " (Ongoing)Where stories live. Discover now